Preview

စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီက အတွဲလိုက်ဗုံးသီး(Cluster Bombs)များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်နှင့်ချီပြီး သေဆုံးရ

သြဂုတ် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :943
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဩဂုတ် ၄/၂၀၂၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီက ပိတ်ပင်ထားသောအတွဲလိုက်ဗုံးသီး(Cluster Bombs)များအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အရပ်သား ဒါဇင်နှင့်ချီပြီးသေဆုံးခဲ့၇ပြီး လူပေါင်း ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၄ခုနှစ် ၊ ဩဂုတ်လ (၄)ရက်နေ့ နေလယ် (၁) နာရီဝန်းကျင်တွင် စဉ့်ကူးမြို့နယ် ၊ ကံတောင် ကျေးရွာအား စစ်ကောင်စီမှ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့်ကလေးငယ်(၁)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၃) ဦး သေဆုံးကာ (၁၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိ၇သည်။

အလားတူ အကြမ်းဖက် စစ်ကောင်စီသည် ညနေ (၃:၃၀)ဝန်းကျင်၌စဉ့်ကူးမြို့နယ် ၊ နွယ်ရုံကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီးကလေးငယ်(၁)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၁၀) ဦး သေဆုံးခဲ့ကာ (၆) ဦးထိခိုက်ဒဏ်ရာ၇ခဲ့သည်။

မင်းအောင်လှိုင်၏စစ်ရှုံး စစ်ကောင်စီအနေဖြင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည်စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသောစစ်ရာဇဝတ်မှုပင် ဖြစ်ပေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် လေကြောင်းကို အသုံးပြုပြီး တိုက်ပွဲနှင့်သက်ဆိုက်မှု မရှိသည့် အရပ်ဘက် နေရာများအား သူရဲဘောကြောင်စွာ ပစ်ခတ်တိုက်ခိုက်မှုကြောင့်နိုင်ငံအဝှန်းတွင် အရပ်သား သေဆုံးမှုများ တစ်နေ့ထက် တစ်နေ့ တိုးများလျက်ရှိနေသည်ဟုသိ၇သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ်ဇူလိုင်(၁ရ)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

စဉ့်ကူးမြို့နယ်သည်စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသောမြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.