ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၉/၂၀၂၄
ထိုင်းနယ်စပ်မှတဆင့်မလေးရှားနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား(၄၆)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း မလေးရှား Bernama က သတင်းဖော်ပြသည်။
မလေးရှားနိုင်ငံ၊ ပြည်နယ်နှစ်ခုတွင် လူမှောင်ခိုကူးမှုသံသယရှိမှုဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ တရားဝင် ခရီးသွား အထောက်အထား စာရွက်စာတမ်းများ မရှိကြသည့် အမျိုးသမီး(၁၆)ဦး အပါအဝင်၊ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား(၄၆)ဦးကို ဖမ်းဆီး၇မိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောကြားသည်။
Negeri Sembilan ပြည်နယ်ရှိMantin မြို့ရှိတိုက်ခန်းတစ်ခုကို သြဂုတ်လ(၁၈)ရက် ည (၁၁)နာရီက ဝင်ရောက်စီးနင်းမှုတွင်မြန်မာနိုင်ငံသား (၃၁) ဦးကို ဖမ်းဆီး၇မိခဲ့ကြောင်း၊နောက်ထပ် (၁၅) ဦးကို ယနေ့ သြဂုတ်လ(၁၉)ရက်နံနက် (၅)နာရီတွင်Selangor ပြည်နယ်၊Klangမြို့ရှိ Meruတွင် တည်းခိုနေစဥ် ဖမ်းဆီး၇မိခဲ့သည်ဟုဆိုသည်။
အမျိုးသမီးတစ်ဦးအပါအဝင် ခြောက်ဦးသည် အေးဂျင့်များအဖြစ် သို့မဟုတ် ပို့ဆောင်ပေးသူများ အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း၊မြန်မာ-ထိုင်း-မလေးရှားလမ်းကြောင်းကိုအသုံးပြုကာ မလေးရှား နိုင်ငံအတွင်းသို့တရားမဝင်ခေါ်သွင်းလာသည်ကိုတွေ့ရှိ၇ပြီး ၄င်းတို့အား လူကုန်ကူးမှုနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများဖြင့်စုံစမ်းစစ်ဆေးလျက်ရှိသည်။
လူကုန်ကူးခံ၇သည့်မြန်မာနိုင်ငံသား အမျိုးသား (၂၅)ဦးနှင့် အမျိုးသမီး (၁၅) ဦးမှာ အသက် ၂၂ နှစ်မှ ၄၀ကြားဖြစ်ကြောင်း သိ၇သည်။
ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် မလေးရှား နိုင်ငံအတွင်းသို့ခိုးဝင်နိုင် ရန်အတွက် တစ်ဦးလျှင် ရင်းဂစ် ၄,၀၀၀ ကို အေးဂျင့် ထံပေးချေခဲ့ရပြီး၊အလုပ်အကိုင်ရရှိရန်စောင့်ဆိုင်းနေစဥ်ကာလအတွင်းနေထိုင်ရန်နှင့် အကာအကွယ်ပေးရန်အတွက် မြန်မာ အေးဂျင့် တစ်ဦးအားရင်းဂစ် ၈၅၀ပေးရသည်ဟုသိ၇သည်။ Source/Bernama