ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးချိန်မှ၂၀၂၄ ခုနှစ် ဩဂုတ်လ (၆)ရက်အထိတိုက်ပွဲပေါင်း(၅၀၀၀)ခန့် ဖြစ်ပွားခဲ့၊ စစ်တပ်မှ (၁၄၇၃၆)ဦးအပါအဝင်လူ (၂၀၀၀၀) နီးပါးသေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 738

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၀/၂၀၂၄

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးချိန်မှ၂၀၂၄ ခုနှစ် ဩဂုတ်လ (၆)ရက်အထိ တိုက်ပွဲပေါင်း(၅၀၀၀)ခန့် ဖြစ်ပွားခဲ့ပြီးစစ်တပ်မှ (၁၄၇၃၆)ဦးအပါအဝင်လူ (၂၀၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း ဘန်ကောက်ပို့စ် ကသတင်းဖော်ပြသည်။

မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုမှ စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၆)ရက်အထိ ကာလွတွင်း တိုက်ပွဲပေါင်း (၄,၉၈၂) ကြိမ်ဖြစ်ပွားခဲ့ပြီးလူ (၂၀၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်းသေဆုံးသူများတွင် မြန်မာ စစ်တပ်မှ (၁၄၇၃၆)ဦး၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)မှ(၁၀၅၈) ဦး နှင့် အရပ်သား (၃၈၇၂)ဦးပါဝင်ကြောင်း BNI ကထုတ်ပြန်သည့် စစ်တမ်းအပေါ်ကိုးကား၍ ဘန်ကောက်ပို့စ် က သြဂုတ်လ(၁၉)ရက်ကဖော်ပြသည်။

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၃၃၀) ရှိရာ (၂၂၂) မြို့နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး၊ ယင်းသည် မြန်မာနိုင်ငံ၏ (၆၇) ရာခိုင်နှုန်းကို လွှမ်းခြုံထားကြောင်း BNI-Myanmar Peace Monitor (BNI-MPM) ၏ သြဂုတ်လ (၁၆)ရက် က သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အရပ်သားသေဆုံးရမှု၏ (၄၅) ရာခိုင်နှုန်းသည်ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရပြီး(၁၈) ရာခိုင်နှုန်းသည် လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ကာ သေဆုံးမှု ဒုတိယအများဆုံးဖြစ်သည်။

၄င်းအပြင် BNI ၏အချက်အလက်များအရ ၂၀၂၄ခုနှစ် ဩဂုတ်လ (၆)ရက်နေ့အထိ မြန်မာနိုင်ငံတွင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ဦးရေသည် (၃.၁၆)သန်း ကျော်သွားပြီဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ Source and Photo / Bangkok Post

ဆက်စပ် သတင်းများ