အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်များအတွက် “သတ္တိနဲ့ ပွင့်လန်းချစ်​သောပန်းများ" ရန်ပုံငွေရုပ်ရှင်ပြပွဲကို ချင်းမိုင်တွင် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ စက်တင်ဘာ ၄/၂၀၂၄

ရခိုင်စစ်ဘေးရှောင်များအတွက် “သတ္တိနဲ့ ပွင့်လန်း ချစ်​သောပန်းများ" ရန်ပုံငွေရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပမည်ဟု သိရသည်။

အဆိုပါရုပ်ရှင်ပြပွဲကို လာမည့် စက်တင်ဘာလ ၆ ရက် (သောကြာ​နေ့)မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိ 'Payap University' တွင် ကျင်းပပြုလုပ်သွားမယ်ဟု Artist’s Shelter က ကြေညာထားသည်။

လက်မှတ်များကို ကြိုတင်ဝယ်ယူပါက ဘတ် ၂၀၀၊ ပြပွဲနေ့မှ ဝယ်ယူပါက ဘတ် ၂၅၀ သတ်မှတ်ထားကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲမှရရှိမည့် လက်မှတ်ရောင်းရငွေအားလုံးနှင့် အလှူခံရရှိငွေ အားလုံးကို ရခိုင်ပြည်ရှိ စစ်ဘေးရှောင်ပြည်သူ​များအတွက် အမိုးအကာ၊ ရွက်ဖျဉ်တဲ၊ စားသောက်ကုန်​တွေအပြင် စိုက်ပျိုးဖို့သီးနှံမျိုးစေ့​များကိုပါ ​​ထောက်ကူနိုင်ဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။ 

ပြပွဲ​နေ့မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်​သောပန်းများ" Film Screening အစီစဥ်မှာ ပါဝင်သည့် Guilt ၊ The Unknown Infinity ၊ “အတူတကွ”၊ “ငါတို့မှာ ငါတို့ပဲရှိတယ်” စသည့်ရုပ်ရှင်ဇာတ်ကား ၄ ကားကို ပြသမည် ဖြစ်ကာ Talk Session, Myanmar Performance, Singing Concert များပါဝင်သည်။

နောက်ပြီး မြန်မာအစားအသောက်၊ အဝတ်အထည်များနှင့် Artists' Shelter ၏ ရောင်းကုန်များကိုပါ ခင်းကျင်း​ရောင်းချ​​ပေးသွားမည်ဟု သိရသည်။

(ဓါတ်ပုံ-Artists' Shelter )

 

ဆက်စပ် သတင်းများ