Preview

မြန်မာပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ အမေရိကန် တောင်းဆို

စက်တင်ဘာ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :767
ပြည်တွင်း သတင်း

မြန်မာပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ အမေရိကန် တောင်းဆို 

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၄

မြန်မာပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ရန်ကုန်ရှိ အမေရိကန် အမေရိကန်သံရုံးက တောင်းဆိုလိုက်သည်။ 

"ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်း ထားသူတွေကိုပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လိုအပ်နေတဲ့ သူတွေကို အကူအညီပေးအပ်ဖို့ နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလေးစား တန်ဖိုးထားဖို့ အတွက် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်မှုနှင့် ဒီမိုကရေစီကို လိုလားတောင်းတနေသည့် မြန်မာပြည်သူများနှင့်အတူ အတူတကွ ရပ်တည်သည်ဟုလည်း ဆိုထားသည်။

“ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားတောင်းတနေတဲ့မြန်မာပြည်သူတွေနဲ့အတူ မိမိတို့အတူတကွရပ်တည်နေပါတယ်” ဟု ဖော်ပြသည်။ 

၎င်းပြင် “ပြည်သူတွေအတွက် ပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင် ဆောင်ရွက်ဖို့ အတွက် လူ့လောကရဲ့အဓွန့်ရှည် အတည်တံ့ဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို အခုလို အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာမိမိတို့ ပြန်လည်သတိ၇ဆင်ခြင်မိပါတယ်” ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရလက်အတွင်းမှ အာဏာကို မတရားသိမ်းယူခဲ့သည်။

ယင်းနောက် ယနေ့အထိ စစ်ကောင်စီသည် အပြစ်မဲ့ မြန်မာပြည်သူများအား နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်စစ်ကြောင်းများက ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု သိ၇သည်။


စစ်အာဏာသိမ်းခဲ့ချိန်မှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ ၃ နှစ်ကျော်ကာလအတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၅၅၀၀ ကျော် အသတ်ခံရပြီး နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သံသယဖြင့် ၁၆၀ ကျော် သေဒဏ်ချမှတ်ခံခဲ့ရပြီဟု အမျိုးသားညီညွတ်ရေးအစိုး၇ (NUG)က ထုတ်ပြန်ထားသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၂၇၂၈၇ ဦးလည်း ဖမ်းဆီး ထိန်းသိမ်း ခံခဲ့၇သည်ဟု NUG က ဆိုသည်။

အလားတူ စစ်အာဏာသိမ်းခဲ့ချိန်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၏ လက်ချက်ကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံ၇သည်ဟုလည်းData for Myanmar က စက်တင်ဘာ ၁၀ ရက်တွင်ထုတ်ပြန်ထားသည်။

စက်တင်ဘာလ(၁၅)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy ) အဖြစ်  ၂၀၀၇ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော (၆၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဆုံးဖြတ်ခဲ့ပါသည်။

"အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အဖြစ် နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို သတ်မှတ်ရခြင်းမှာ  ကုလသမဂ္ဂ  ဒီမိုကရေစီ ကြေညာ စာတမ်း ထုတ်ပြန်ခဲ့သည့် ၁၉၉၇ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အဖြစ် ရွေးချယ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရှိ၇သည်။

 

ဓာတ်ပုံ - ရခိုင်ပြည်၊ ရမ်းဗြဲမြို့ ဆေးရုံအား စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး တွေ့၇စဥ်။ (Photo-AA)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.