Preview
Preview
Preview

ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးသူ ရရ ဦးရှိဟု စစ်ကောင်စီထုတ်ပြန်

စက်တင်ဘာ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :430
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၄

 မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ်အချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပေါ်ခဲ့သည့်ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ရရ ဦးရှိသည်ဟုစစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

 အဆိုပါစာရင်းမှာစက်တင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီအထိ ကောက်ယူရရှိထားခြင်းဖြစ်သည်ဟု ယနေ့ စက်တင်ဘာ ၁ရရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 နေပြည်တော်၊ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာ၀တီတိုင်း၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ မြို့နယ် ၅၆ မြို့နယ်တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ယခုကဲ့သို့ သေဆုံး၊ပျောက်ဆုံးမှုများရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အဆိုပါရေဘေးကြောင့်ရေဘေးကယ်ဆယ်ရေးစခန်း ၄၃၈ ခု ဖွင့်လှစ်ကာ လူဦးရေ ၁၆၃,၇၁၀ ဦး၊ အိမ်ထောင်စု ၄၂,၈၅၈ စုကိုကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့၇သည်ဟု ဆိုသည်။

 လူနေအိမ် ၂,၁၁၆ လုံးပျက်စီးခဲ့ပြီးနေအိမ် ၁၅၈,၃၇၃ လုံးရေဝင်နစ်မြုပ်ခဲ့သည့်အပြင် ရုံးဌာနအဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁,၀၄၀ ကျော်၊ဘာသာရေးအဆောက်အဦ ၃၈၆ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

 ယင်းအပြင်တိရစ္ဆာန်မျိုးစုံ စုစုပေါင်းကောင်ရေ တစ်သိန်းနှစ်သောင်းကျော် သေဆုံးခဲ့ပြီးစပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ခြောက်သိန်း လေးသောင်းကျော်ရေဝင်နစ်မြုပ်ခဲ့သည်ဟုလည်း စစ်ကောင်စီ ထုတ်ပြန်ချက်က ဖော်ပြသည်။

 စစ်ကောင်စီထုတ်ပြန်သည့်ယခုအရေအတွက်ထက်မြေပြင်တွင် ပိုမိုများပြားနိုင်သေးသည်ဟုလည်း ကူညီဆောင်ရွက်ပေးနေသူများကပြောဆိုထားသည်။

 တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ရာဂိမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်ပြီးရေကြီးရေလျှံမှုကိုဖြသ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

 ဓာတ်ပုံ -ကရင်ပြည်နယ်၊ မြ၀တီမြို့ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကကူညီကယ်ဆယ်ရေး လုပ်နေပုံ။ (Photo- Myanmar Fire Services Department)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.