နိရဉ္စရာ၊ စက်တင်ဘာ ၂၁/ ၂၀၂၄
မြန်မာ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ(၅)ဦးအား စစ်ကောင်စီက ကွပ်မျက်ရန်စီစဥ်နေ ခြင်းကို ရပ်တန့်ရန် လူ့အခွင့်အရေး ဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က စက်တင်ဘာ ၂၀ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
APHR က ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၅)ဦးအား ကွပ်မျက်ရန်စီစဥ်ထားခြင်းကို ချက်ခြင်းရပ်ဆိုင်းရန်အာဏာသိမ်း နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီ (SAC) ကို တောင်းဆိုလိုက်သည်။
ကွပ်မျက်ခံရမည့် အနေအထားနှင့် ရင်ဆိုင်နေ၇သူ ၅ ဦးမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့်ဇေယျာဖြိုး(၃၂)နှစ်၊ ဆန်းမင်းအောင်(၂၄)နှစ်၊ ကျော်ဝင်းစိုး(၃၃)နှစ်၊ ကောင်းပြည့်စိုးဦး (၂၇) နှစ်နှင့်မြတ်ဖြိုးပွင့်တို့ ဖြစ်ကြသည်။
၎င်းတို့ ၅ ဦးကို ၂၀၂၃ခုနှစ်၊မေလ(၁၈)ရက်တွင်ရန်ကုန် မြို့ရှိ အင်းစိန်ထောင်တွင်း၌ အမှုကိုတံခါးပိတ် ကြားနာကာ သေဒဏ်ချမှတ်ခံခဲ့၇သည်။
၂၀၂၁ခုနှစ်တွင် ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲအရာရှိ ခြောက်ဦး သေဆုံးခဲ့၇သည့်သေနတ်ဖြင့် ပစ်ခတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ပြီး ၎င်းတို့ကိုပြစ်ဒဏ်များချမှတ်ခဲ့သည်။
၂၀၂၁ခုနှစ် က စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင့်သည့် အနေဖြင့်လက်နက်ကိုင် တော်လှန်ရေး ကာလများအတွင်း အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့၇ခြင်းဖြစ်သည်။
၄င်းတို့သည်လူသတ်မှုနှင့် တရားမဝင်လက်နက်များ လက်ဝယ်ထားရှိမှုဥပဒေများအပါအဝင် ၁၉၄၉ ခုနှစ်လက်နက်အက်ဥပဒေနှင့် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့အပါအဝင်ဥပဒေများစွာဖြင့် တရားစွဲဆိုခြင်းခံခဲ့၇သည်။
APHR ၏ဥက္ကဌ ဖြစ်သူ MercyChriesty Barends သည် အင်ဒိုနီးရှား အောက်လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်ပြီးသေဒဏ်ပေးရန် စီရင်ချက်ကို ရှုတ်ချခဲ့ပြီး အကျဉ်းသားများကို ချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန် မြန်မာစစ်ကောင်စီထံ တောင်းဆိုခဲ့သည်။
APHR အဖွဲ့ဝင် ၊ ဖိလစ်ပိုင်လွှတ်တော်အမတ်Arlene D. Brosas က စစ်ကောင်စီအနေဖြင့်ကွပ်မျက်မှုများကို ဆက်လက်လုပ်ဆောင်နေ ခြင်းသည်"ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် သိသာ ထင်ရှားသည့် ဆုတ်ယုတ်မှု"ကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။
“ဒီ ကွပ်မျက်မှုတွေဟာ ASEANFive-Point Consensus ကို အကောင်အထည်ဖော်ဖို့အတွက် စစ်ကောင်စီ ရဲ့ နိုင်ငံရေးဆန္ဒကင်းမဲ့နေတာကို ပြသနေပါတယ်” ဟု ၄င်း က ပြောကြားခဲ့သည်။
APHR သည် မြန်မာနိုင်ငံရှိနိုင်ငံရေး အကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက် တောင်းဆိုလျက်ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန် မြန်မာစစ်ကောင်စီအား နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားများ ပိုမိုပေးကြရန် တိုက်တွန်းထားသည်။Source/ APHR