Preview

လူပုဂ္ဂိုလ်အချို့အား အများပြည်သူ၏ရှေ့ မှောက်တွင် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ပြီးကွပ်မျက်ပါက ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုမြောက်သည်ဟု IIMM ပြောဆို

စက်တင်ဘာ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :777
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၄/၂၀၂၄

လူပုဂ္ဂိုလ်အချို့အားအများပြည်သူ၏ရှေ့ မှောက်တွင် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ပြီးကွပ်မျက်ပါက ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)ကပြောဆိုလိုက်သည်။

တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ် ချမှတ်ခြင်းသို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၏ အကြီးအကဲ ဖြစ်သူနီကိုလက်စ်ခွန်ဂျန်မှ ပြောဆို လိုက်သည်။

လူပုဂ္ဂိုလ်အချို့အားအများမျက်မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန် ရှိသည် ဆိုသည့်သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကအနီးကပ် စောင့်ကြည့်နေကြောင်း စက်တင်ဘာ၂၃ ရက်ကထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယန္တရားကရရှိထားသည့်အချက်အလက်များအ၇၊ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွပ်မျက်မှုကိုကြုံတွေ့၇နိုင်သည်။

တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ်အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်။ တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေရန် အခြေခံအကျဆုံး လက္ခဏာတစ်ရပ်မှာအမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည့် ခိုင်လုံသောအကြောင်းတစ်စုံတစ်ရာရှိသည့်အခါမှလွဲ၍ အများပြည်သူရှေ့မှောက်တွင် အတတ်နိုင်ဆုံးစစ်ဆေးစီရင်ရန်ဖြစ်သည်။

အမှုများအားလျှို့ဝှက်စွာစစ်ဆေးစီရင်သည့်အခါ၊ ဘက်မလိုက်ဘဲ လွတ်လပ်သော ခုံရုံးဖြစ်ရမည် ဆိုသည့်အချက်ကဲ့သို့တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြားသောအာမခံချက်များကို ကျင့်သုံးခြင်းရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိသည်။

ထိုအခြေအနေမျိုးတွင်ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါကလူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုမြောက်နိုင်သည်။

တရားမျှတသောအမှုစစ်ဆေးစီရင်မှု၏အခြေခံအာမခံချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရသော လူပုဂ္ဂိုလ်များနှင့်၎င်းတို့အား တရားစွဲဆိုထားသော အမှုများကို ယန္တရားက စောင့်ကြည့်နေပြီးအချက်အလက်များ စုဆောင်းလျက်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM ) ကထုတ်ပြန်သည့်ကြေညာချက်တွင်ဖော်ပြထားသည်။

(မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM ) ကို၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသောနိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက်အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့်အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့်တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပြီးဖွဲ့စည်းခဲ့သည်)Source/IIMM

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.