နိရဉ္စရာ၊ အောက်တိုဘာ ၁၀/ ၂၀၂၄
နတ်မြစ်၀အနီး စိန့်မာတင်ကျွန်း ( ရခိုင်အခေါ်အုန်းကျွန်း) အနီးတွင် မြန်မာစစ်ကောင်စီက နေဗီက ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ၇ကာ အနည်းဆုံး ငါးဖမ်းသမား ၄၀ အဖမ်းခံခဲ့ရသည်ဟု သတင်းရရှိသည်။
နောက်ပိုင်းတွင် စစ်ကောင်စီနေဗီက ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်ဟု သိ၇သည်။
ကောစ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ် (UNO) အစိုးရအရာရှိ Adnan Chowdhury က ငါးဖမ်းသမား အနည်းဆုံး ၄၀ လည်း အဖမ်းခံ၇ပြီး နောက်ပိုင်းတွင် ၎င်းငါးဖမ်းသမားများကို တက်ကနက်ဆိပ်ကမ်းသို့ ယမန်နေ့ နေ့လယ်က ပြန်လည် ခေါ်ဆောင်လာကြောင်း ပြောကြားသည်။
အသေးစိတ် အချက်အလက်များကို ၎င်းငါးဖမ်းသမားများ တက်ကနက်သို့ ရောက်မှ သိရှိ၇မည်ဟု ၎င်းက ပြောသည်။
မနေ့ကလည်းအာရက္ခတပ်တော် (Arakan Army) က နတ်မြစ်အတွင်း ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅ ဦးကို ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်သည် မြန်မာစစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့အကြား လွန်ခဲ့သည့် ၈ လကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသဖြင့် တည်ငြိမ်မှုပျက်ပြားနေပြီး နယ်စပ်တစ်လျှောက် အများစုနယ်မြေများကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု ဆိုသည်။ Source: TheDaily Star and Photo: Pathfriend Tour Operator