Preview

မြန်မာအရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရ၏ မူဝါဒကို ပြန်ပြင်ပေးဖို့ အမေရိကန် မြန်မာပြည်ဖွားအချို့ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့တွင် လာရောက်ဆန္ဒပြ

အောက်တိုဘာ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :1607
ပြည်တွင်း သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၄

 

မြန်မာအရေးပတ်သက်ပြီး တရုတ်အစိုးရ၏ မူဝါဒကိုပြန်ပြင်ပေးဖို့အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေသည့် မြန်မာပြည်ဖွားအချို့သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့မှာရှိသည့် တရုတ်သံရုံးရှေ့တွင်  လာရောက်ဆန္ဒပြခဲ့ကြသည်။

 

 " စစ်ကောင်စီကို Support ( ထောက်ပံ့နေတာ )လုပ်နေတာတွေကိုရပ်ဖို့လာပြီဆန္ဒပြတာပါ" ဟုဆန္ဒပြပွဲမှာပါဝင်သည့်  ဦးယဉ်အေးကဆိုသည်။

 

ထို့အပြင်တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဝမ်ရိ၏ မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် သြဂုတ်လခရီးစဉ်နောက်ပိုင်မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ ပြောင်းလဲလာသောမူဝါဒကိုပြန်ပြင်ပေးဖို့အမေရိကန်ရောက်မြန်မာပြည်ဖွားများက တရုတ်သံရုံးရှေ့ တွင် တောင်းဆိုခဲ့ကြသည်။



 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျဆုံးပြီးနောက်ပိုင်း တရုတ်အစိုးရအနေဖြင့် တရုတ်မြန်မာနယ်စပ် အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားစစ်ကောင်စီတပ်ကိုထိုးစစ်ဆင်မှုများ ရပ်တန့်ဖို့ အတင်းအကျပ်ဖိအားပေးလာသည်။

 

ထိုကဲ့သို့ တရုတ်ဖိအားပေးလာခြင်းသည် မြန်မာနိုင်ငံပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ပါဟု တရုတ်အစိုးရက ချမှတ်ထားသည့် ပေါ်လစီနှင့်လည်း ကိုက်ညီမှု မရှိသဖြင့်“  အပြောနှင့်အလုပ်မညီ”သော တရုတ်အစိုးရ၏ လုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

 

တရုတ်အစိုး၇၏ ဖိအားပေးကြောင့် မြောက်ပိုင်းညီနောင် ၃ဖွဲ့၏ ထိုးစစ်မှု အရှိန်ရပ်တန့်သွားခဲ့ပြီးပြည်ပရောက် မြန်မာနိုင်ငံသားအနေဖြင့်လည်း တရုတ်အစိုးရအားဆန့်ကျင့်ကန့်ကွက်ဆန္ဒပြပွဲများ ပိုမို ပြုလုပ်လာကြသည်ဟု သိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.