Preview
Preview
Preview

မတ္တရာမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ သံဃာတော်များ၊ ကလေးများ အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံး

အောက်တိုဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :2664
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၂  / ၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကြဲ၍ သံဃာတော်များ၊ ကလေးများအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDF ကသတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ (၁၁)ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင်အပြစ်မဲ့ပြည်သူ(၁၂)ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မတ္တရာမြို့နယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သောအကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံး၀မသက်ဆိုင်သောလုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာ အကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်”ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် မတ္တရာမြို့နယ် စစ်ဘေးရှောင်များရှိရာ ဝေါစုရွာအောင်မင်္ဂလာသုခဘုန်းကြီးကျောင်းထဲသို့ တံတားဦးလေဆိပ်မှတက်လာသည့် J-fighterတစ်စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး တစ်လုံးနှင့် စက်သေနတ်အကြီးဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း Wetlet Informational Network က ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်ခန့် ကလေး ဦးအပါဝင် ပြည်သူ ၉ ဦးနှင့်သံဃာ ၃ပါး ပျံလွန်တော်မူပြီး ၅ ဦးထက်မနည်း( စိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ ညနေ ၆ နာရီတွင်လည်း မိတ္ထီလာဘက်မှတက်လာသည့် J-fighter နှစ်စီးဖြင့် တုန်ကုန်းရွာနှင့် ယမ်းကုန်းရွာအနီး တဝိုက်သို့လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိ၇သည်။

မတ္တရာမြို့နယ်ထဲသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်၍ယမ်းကုန်းရွာထဲရှိ ပြည်သူပိုင် အိမ်များကို ထပ်မံ မီးရှို့ခဲ့ကြောင်းထုတ်ပြန်ထားသည်။

မြေပြင်ထက် ဝေဟင်ကို အဓိက အသုံးပြုနေသောကြောင့် သက်ဆိုင်ရာ ကျေးရွာအဖွဲ့စည်းများ၏ လေကြောင်းကာကွယ်ရေးဆိုင်ရာ လမ်းညွှန်မှုများကို လိုက်နာပေးကြရန်မတ္တရာမြို့နယ်ထဲရှိ မိဘ ပြည်သူများအား Wetlet InformationalNetwork က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ-MDY PDF

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.