Preview

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ဘေးကင်းဇုန်တစ်ခုထားရှိပေး ရန် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြီးအကဲက ကုလသမဂ္ဂထံ တောင်းဆို

အောက်တိုဘာ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :2102
ပြည်တွင်း သတင်း

ဂျွန်နသန်၊ အောက်တိုဘာ ၁၅/၂၀၂၄

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ဘေးကင်းဇုန်တစ်ခုထားရှိပေးရန် ဘင်္ဂလားဒေ့ရှ် ယာယီအစိုး၇၏ အကြီးအကဲ မိုဟာမက်ယူနွတ်စ်က ကုလသမဂ္ဂထံ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်ရှိ  ဒုက္ခသည်များအတွက်ကုလသမဂ္ဂမှ အာမခံသည့် ဘေးကင်းသောဇုန်တစ်ခုကို ထားရှိပေး ရန်နှင့် ၎င်းတို့အားထောက်ပံ့ရန် နည်းလမ်းများ ကိုရှာဖွေရန်ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏အကြီးအကဲလည်းဖြစ်၊အကြံပေးအရာရှိချုပ်ဖြစ်သူ ပါမောက္ခ မိုဟာမက်ယူနွတ်စ်သည်ကုလသမဂ္ဂအထူးကိုယ်စားလှယ်အင်ဒရူးစ်နှင့် အောက်တိုဘာ(၁၄)ရက်ကတွေ့ဆုံခဲ့စဉ်အတွင်း အထက်ပါအတိုင်းတောင်းဆိုခဲ့ခြင်းသည်။

"ဒါဟာ သူတို့အတွက် အကူအညီတွေ ရဖို့ အကောင်းဆုံးအရာပါပဲ” ဟု ယူနွတ်စ်က ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန်အတွက်ကောင်းမွန်သည့် အစကနဦး တစ်ခု ဖြစ်နိုင်ပြီး ထောင်နှင့်ချီသော ဒုက္ခသည် အသစ်များဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ထပ်မံ ဝင်ရောက်လာခြင်းမှ လည်းကာကွယ်တားဆီးပေးနိုင်မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သောမတ်စ် အင်ဒရူးစ်သည် ပါမောက္ခ မိုဟာမက်ယူနွတ်စ်၏ရုံးခန်းသို့လာရောက်တွေ့ဆုံစဥ်အတွင်းယူနွတ်စ်က ထိုသို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်၍ ၎င်း၏အဆိုပြုချက်သုံးရပ်အတွက်လည်း ပါမောက္ခ မိုဟာမက်ယူနွတ်စ်အားကျေးဇူးတင်ရှိကြောင်းအင်ဒရူးစ်ကပြောဆိုခဲ့သည်။

အထူးကိုယ်စားလှယ် အင်ဒရူးစ်သည် ပြီးခဲ့သည့်လကကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တင်သွင်းခဲ့သည့်ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်၍ ၎င်း၏ အကြံပြုချက်သုံးရပ်အတွက် ယူနွတ်အားကျေးဇူးတင်ရှိကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့်အကြမ်းဖက်မှုများသည် ရခိုင်ပြည်နယ်တွင် ကြီးမားသော အကျပ်အတည်းကိုဖြစ်ပေါ် ခဲ့ပြီးရိုဟင်ဂျာများ အပါအဝင် အိုးမဲ့အိမ်မဲ့နှင့် ငတ်မွတ်နေသူများအတွက်လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်းအင်ဒရူးစ်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

မြန်မာစစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြားတိုက်ပွားများ ဖြစ်ပွားလျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် အနည်းဆုံး လူ (၃.၁ )သန်းသည်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၊ယင်းတို့တွင် ၇ခိုင်ပြည်နယ်မှ သိန်းနှင့်ချီပါဝင်ကြောင်း အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရိုဟင်ဂျာ(၃၀၀၀၀)ခန့်သည် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ဝင်ရောက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ရှိနယ်စပ်စခန်းများတွင် ရိုဟင်ဂျာ တစ်သန်းကျော်ကို လက်ခံပေးထားကြောင်း၄င်းက ပြောဆို သည်။

၇ခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများနှင့်အိုးအိမ်မဲ့ဒုက္ခသည်များနှင့် ပတ်သက်ပြီး အာဆီယံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ ဆွေးနွေးဖို့ ယူနွတ်က အကြံပြုထားသည်။

ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာကို တတိယနိုင်ငံတွင်ပြန်လည်နေရာချထားရေးအတွက် အရှိန်အဟုန်မြှင့်တင်ပြီး ပံ့ပိုးကူညီမှုများလုပ်ဆောင်ပေးရန်ကိုလည်းယူနွတ်က အင်ဒရူးစ်ကို တောင်းခံခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်ပြီး ICCက စုံစမ်းစစ်ဆေးမှုများနှင့် ဘင်္ဂလားဒေ့ရှ်တွင်မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကိစ္စကိုလည်း၄င်းတို့နှစ်ဦးကထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

Dhaka Tribune ကရေးသားထားသည့် “CA Yunus calls for UN-guaranteedsafe zones for displaced people in Rakhine” ကို တိုက်ရိုက် မူရင်းသတင်းပါ အချက်အလက်များအတိုင်း ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

-------

#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.