Preview

ကရင်ပြည်ရှိ ကူးဆိပ်တံတားလုံခြုံရေးစခန်း သိမ်းပိုက်ခံရပြီး စစ်သားရှစ်ဦးသေဆုံး

လူထက်နိုင် | နိုဝင်ဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :663
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၁၂ / ၂၀၂၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေးစခန်း သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်း စစ်သည်များက နိုဝင်ဘာလ(၆)ရက်မှစတင်တိုက်ခိုက်ခဲ့ရာနိုဝင်ဘာလ(၉)ရက်တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်ခရိုင်က ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

“စခန်းသိမ်းတိုက်ပွဲအတွင်းမိမိတို့စစ်သည်တော်များမှ အကြမ်းဖက်စစ်ရှုံးကောင်စီ၏ လက်နက်ကြီး၊လက်နက်ငယ်နှင့် ဒရုန်းကာကွယ်ရေးဂျယ်မာစစ်များလည်း သိမ်းဆည်းရရှိခဲ့သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်းဆည်းရရှိသည့်လက်နက်များတွင်လက်နက်ကြီး RPG 7 (၂)လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာ(၃)ခုနှင့်မောင်းပြန်ရိုင်ဖယ်ကျည်တောင့်(၂၀၀၀)ကျော်တို့ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KNU မူတြော်သတင်း

 

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.