Preview

နောင်ချိုမြို့တိုက်ပွဲတွင် စကစ ရင်းမှူးအပါအဝင်တပ်သားများသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု TNLA ထုတ်ပြန်

နိရဉ္စရာ | နိုဝင်ဘာ ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :573
ပြည်တွင်း သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၇/၂၀၂၄

ရှမ်းပြည်နယ် နောင်ချိုမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင်တပ်သားများသေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ဟု တအာင်းအမျိုးသား  လွတ်မြောက်ရေးတပ်မတော်TNLAက ယခုလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်သည်။   

 သတင်းထုတ်ပြန်ရာတွင် တအာင်းပြည် တပ်မဟာ(၂)နယ်မြေ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟုဖော်ပြသည်။


blob
သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်း


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ပြီး  စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ပြီးလက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟုဆိုသည်။


blob
သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်း


ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်းဖော်ပြထားသည်။

#စစ်ရေး#TNLA#စစ်ကျန်လက်နက်ခဲယမ်းမီးကျောက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.