လူထက်နိုင်၊နိရဥ္စာ နိုဝင်ဘာ ၂၀ /၂၀၂၄
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာကချင်ပြည်နယ်ကံပိုင်တည်မြို့ကိုKIAနှင့်တော်လှန်ရေးပူးပေါင်းတပ်များမှ နိုဝင်ဘာ ၂၀ ရက်ညနေတွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ် KIA သတင်းနှင့် ပြန်ကြားရေးဌာနဖြစ်သော The Kachin Net တွင်ဖော်ပြထားသည်။
နံနက် ၉ နာရီခန့်တွင် ကန်ပိုက်တည်မြို့ကို အပြီးသတ်သိမ်းနိုင်ရန်တိုက်ခိုက်ခဲ့ဖြစ်ပြီး ညနေ ၆ နာရီခန့်တွင် တစ်မြို့လုံးကိုKIAနှင့်တော်လှန်ရေးပူးပေါင်းတပ်များမှ အပြီးသတ်သိမ်းနိုင်လိုက်ခြင်းဖြစ်ပြီး ကချင်အထူး ဒေသ(၁) တစ်ခုလုံး သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်းသိရသည်။
“လက်ရှိရှင်းလင်းရေးတွေလုပ်နေပါတယ်၊ကန်ပိုင်တည်မြို့ထဲမှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကတရုတ်ပြည်ဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်”ဟု ဒေသခံစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
ထိုသို့သိမ်းပိုက်လိုက်ခြင်းကြောင့် လက်ရှိအချိန်တွင် ကချင်ပြည်နယ် နယ်စပ်မြို့များဖြစ်သည့် ဖီမော်၊ ပန်ဝါ၊ ကံပိုင်တည်၊ လွယ်ဂျယ်မြို့များနှင့်အတူ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ နယ်စပ်ဂိတ်များကို KIA က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
KIA ပူးပေါင်းတပ်များသည် လက်ရှိ စစ်တပ်ကုန်းနှင့်ရဲစခန်းနေရာများကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး လှိုင်ဂူတံတားဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များကို လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ထို့အပြင် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်အဖွဲ့ များသည်တရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားခြင်းများရှိသကဲ့သို့ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခြင်းများလည်းရှိကြောင်းသိရသည်။
ကန်ပိုင်တည်မြို့သည်တတိယအကြီးဆုံး နယ်စပ်ဂိတ်ပေါက်ဝ မြို့တစ်ခုဖြစ်ပြီး ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ထိန်းချုပ်နယ်မြေလည်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ- ပေးပို့