Preview

စစ်ဘေးဒဏ်အလူးအလဲခံစားနေရသောပြည်သူလူထုအားထောက်ထားညှာတာ၍ တွေ့ဆုံဆွေးနွေးဖြေရှင်းရန်အမြဲတမ်းအသင့်ရှိကြောင်းTNLA ထုတ်ပြန်

လူထက်နိုင် | နိုဝင်ဘာ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :2100
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၂၅ / / ၂၀၂၄

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒဏ်အလူးအလဲခံစားနေရသောပြည်သူ လူထုအားထောက်ထားညှာတာ၍ပြဿနာအရပ်ရပ်ကိုတွေ့ဆုံဆွေးနွေး အဖြေရှာရန်အမြဲတမ်းအဆင်သင့်ရှိကြောင်းယနေ့ နိုဝင်ဘာ ၂၅ တွင်PSLF/TNLA မှထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် “ မိမိတို့တအာင်းပြည်ဒေသအတွင်းနေ့စဉ်ရက်ဆက်ဖြစ်ပွါးနေသောတိုက်ပွဲများတွင်စကစမြန်မာစစ်တပ်၏လေကြောင်းစစ်ဆင်ရေးအပါအဝင်ပြင်းထန်သည့်တိုက်ပွဲကြောင့်စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေရသည့်ဒေသခံမိဘပြည်သူများ၏အကျိုးကိုငဲ့ညှာထောက်ထား၍သော်လည်းကောင်း၊နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက်ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့်တရုတ်နိုင်ငံအစိုးရ၏ကြိုးပမ်းမှုကိုလေးစားအသိအမှတ်ပြု၍သော်လည်းကောင်း၊နှစ်ဖက်စစ်ရေးပဋိပက္ခများအဆုံးသတ်နိုင်ရန်အတွက်တွေ့ဆုံဆွေးနွေးရန်အဆင်သင့်ရှိကြောင်းမိမိတို့၏သဘောထားကိုဆက်လက်ထုတ်ဖော်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။


blob


မြန်မာပြည်တွင်ဖြစ်ပွါးနေသည့်စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီးတည်ငြိမ်အေးချမ်းသည့်နိုင်ငံရေးအခြေအနေတည်ဆောက်နိုင်ရန်အတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်နေမှုများကိုမိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)မှအပြုသဘောဆောင်ကောင်းကျိုးရှိသည့်အမြင်ဖြင့်အမြဲပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိပါကြောင်း  ကောင်းမွန်သည့်ရလဒ်များရရှိရန်ဆက်လက် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်းဖြင့်လည်း ဖော်ပြထားသည်။

“မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်စတင်ခဲ့သည့်၁၀၂၇စစ်ဆင်ရေးတွင်မိမိတို့တအာင်းဒေသအတွင်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးလာသည်မှာနှစ်ပတ်လည်လာခဲ့ပြီဖြစ်ပြီးစစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ၊စစ်တပ်စခန်းများ၊စစ်ကြောင်းများကိုမိမိတို့၏မြို့ရွာနယ်မြေဒေသများတွင်ကင်းစင်အောင်ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့သော်လည်းစကစ- မြန်မာစစ်တပ်မှပြည်သူလူထုတို့အားဦးတည်ပစ်မှတ်ထားကာလေကြောင်းဖြင့်ချေမှုန်းတိုက်ခိုက်နေသဖြင့်အပြစ်မဲ့ပြည်သူလူထုတို့စစ်ဘေးဒဏ်ပေါင်းစုံကိုဆိုးရွားပြင်းထန်စွာခံစားနေကြရပါသည်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည်တအာင်းလူမျိုးများအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်နှင့်တအာင်းပြည်နယ်ရရှိရန်အတွက်လက်နက်ကိုင်တိုက်ပွဲဝင်ပြီးကိုယ်ပိုင်ပြဌာန်းခွင့် အာမခံသည့်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုတိုင်းရင်းသားမြန်မာပြည်သူလူထုတို့နှင့်အတူတကွတည်ဆောက်ရန်အမြဲတစေကြိုးပမ်းဆောင်ရွက်နေကြောင်းPSLF/TNLAကထုတ်ပြန်ထားသည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.