လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ၃ / ၂၀၂၄
Federal Wings ဒရုန်းတပ်ဖွဲ့နှင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ဆက်သွယ်ရေး၊သတင်း အချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်းမှုကို၂၀၂၄ခုနှစ်နိုဝင်ဘာလ (၆)ရက်နေ့ကစတင်၍နှစ်ဖက်သဘောတူရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းဒီဇင်ဘာ၃ရက်နေ့တွင် Federal Wings မှ အသိပေးထုတ်ပြန်ထားသည်။
“Federal Wings ဒရုန်းတပ်ဖွဲ့နှင့်MOCIT (ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန) တို့၏ပူးပေါင်းဆောင်ရွက်မှုများအား (၆.၁၀.၂၀၂၄) ရက်နေ့မှစတင်၍နှစ်ဖက်သဘောတူရပ်ဆိုင်းထားပြီးဖြစ်ကြောင်းပြည်သူလူထုသိရှိစေရန်အကြောင်း ကြားအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
Federal Wings အနေဖြင့်တော်လှန်ရေးတွင်ပိုမိုအာရုံစိုက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍တော်လှန် ခရီးအားမိမိတို့နိုင်ရာလမ်းကြောင်းများမှ သီးခြားလျှောက်လှမ်းရန် မတတ်သာဘဲ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်အာဏာရှင်စနစ်အားအမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းFederal Wings တပ်ဖွဲ့မှပြည်သူလူထုအားကတိသစ္စာ ပြုကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နှင့်တပ်မဟာ(၃)နယ်မြေ၌သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များနှင့်ပူးတွဲတိုက်ပွဲဝင်နေသည့်Federal Wings ဒရုန်းတပ်ဖွဲ့သည်ဒရုန်း ပျံသန်း စစ်ဆင်မှုများပြုလုပ်ပြီးစစ်ကောင်စီတပ်အားတိုက်ခိုက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။