Preview

AA မောင်တောကို သိမ်းပိုက်လိုက်သည့် သတင်း Washington Post အပါအဝင် နိုင်ငံတကာသတင်းဌာနကြီးများတွင် ဖော်ပြ

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :5897
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၀/ ၂၀၂၄

အာရက္ခတပ်တော် (AA)မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ မောင်တောမြို့အား သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး Washington Post အပါအဝင် နိုင်ငံတကာ သတင်းဌာနကြီး အများအပြားတွင် " Ethnic Armed Group claims capture of a key western Myanmar Town near border with Bangladesh" ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြနေကြသည်။

သတင်းများအထဲတွင်မြန်မာနိုင်ငံအနောက်ဘက်နယ်စ်မှအရေးပါသည် မောင်တောမြို့ကိုအင်အားအလွန်ကောင်းသည့်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီဖြစ်ကာ ကီလိုမီ ၂၇၁ (၁၆၈ မိုင်) ရှည်လျားသည့်ဘင်္ဂလာ- မြန်မာ နယ်စပ် နယ်စပ်ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းဖော်ပြသည်။

အာရက္ခတပ်တော်ကဗျူဟာမြောက်တိုက်ပွဲဝင်ကာ နောက်ဆုံး စခန်းကို​အပြတ်သတ်  သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေသည့် AA က အခိုင်အမာ ပြောကြားသည်ဟုဆိုသည်။

ယခုမောင်တောကိုသိမ်းပိုက်လိုက်သည့်​ အာရက္ခတပ်တော်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အတွက်ကြိုးပမ်းတိုက်ပွဲဝင်နေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ယခုမောင်တောကို သိမ်းပိုက်မှုသည် နောက်ထပ်တိုးတက်မှုတစ်ခုဖြစ်ကြောင်းဖော်ပြကြသည်။

အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူဦး ခိုင်သုခက တနင်္လာနေ့နှောင်းပိုင်းတွင် ၎င်း၏အဖွဲ့သည် မောင်တောမြို့နယ်ရှိ နောက်ဆုံးကျန်ရှိနေသည့် ကင်းစခန်းအား သိမ်းဆည်းရမိခဲ့ကြောင်း အေပီသတင်းဌာနသို့ စာတိုပေးပို့ကာအကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။

အာရက္ခတပ်တော်မှ မောင်တောအား သိမ်းပိုက်လိုက်ခြင်း သတင်းကို Washington Post အပြင် The Los Angeles Times,  The Hill, U.S News & world Report, The  Daily tar, Dhaka Tribune, The Diplomat, WDRB,  The Business Standard စသည်တို့တွင် ဖော်ပြကြသည်။

#သတင်းမီဒီယာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.