Preview

ရခိုင်ပြည်နယ်မှ လူပေါင်း ၈၀ကျော်ထိုင်းနိုင်ငံ ကန်ချနဘူရီတွင်ဖမ်းဆီးကြောင်းထိုင်းသတင်းများတွင်ဖော်ပြ

လူထက်နိုင် | ဒီဇင်ဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :814
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၂  / ၂၀၂၄

မလေးရှားသွားမည့်ရခိုင်ပြည်နယ်မှလူပေါင်း၈၀ကျော်ကို ထိုင်းနိုင်ငံကန်ချနဘူရီတွင်  ဒီဇင်ဘာ၁၁ရက်နေ့တွင်ဖမ်းဆီးမိကြောင်းထိုင်းဒေသတွင်းသတင်းဌာနများဖြစ်ကြသည့် Pattaya News နှင့် Kanchanaburi News's Post သတင်ဖော်ပြသည်။

ဖမ်းဆီးခံရသူများသည်ရခိုင်ပြည်နယ်မှထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာကြသူများ ဖြစ်ပြီး၎င်းတို့တွင်တရားဝင်နယ်စပ် ဖြတ်ကျော်ခွင့်စာရွက်စာတမ်းများမတွေ့ရသည့် အပြင် ထိုင်းစကားလည်း မပြောတတ်ကြဟု ဖော်ပြသည်။

တနင်္သာရီတိုင်း၊ထားဝယ်ဒေသနှင့်နယ်စပ်ချင်း ကပ်လျက်တည်ရှိသည့်ထိုင်းနိုင်သံ ကန်ချနပူရီမြို့၌ဒီဇင်ဘာ ၁၁ ရက် နံနက်အစောကြီး ည၁နာရီခန့်တွင်အဖမ်းခံရခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။

blob
blob

စွန့်ပစ်ထားသောပစ်ကပ်ထရပ်ကားတစ်စီးအတွင်းတရားမဝင်ဝင်ရောက်လာသူတို့၏ခရီးဆောင်အိတ်များကိုစတင်တွေ့ရှိခဲ့ကာ လိုက်လံရှာဖွေရာတောအတွင်းပုန်းအောင်းနေသူအမျိုးသားနှင့်အမျိုးသမီး၈၀ကျော်ကိုရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်ဟု အတည်ပြုထားသည်။

ရခိုင်ပြည်နယ်မှမလေးရှားအထိသွားရမည့်ခရီးဖြစ်သောကြောင့်ခရီးစဉ် အတွက်တစ်ဦးလျှင် ဘတ်ငွေ ၇၅၀၀၀ ပေးခဲ့ရကြောင်း ဖမ်းဆီးခံရသူများကပြောကြသည်ဟု ထိုင်းသတင်းများကဆိုသည်။

လက်ရှိတွင်ဖမ်းဆီးရမိသူအားလုံးကိုနယ်မြေခံရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးခဲ့ပြီးဥပဒေအရဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

Source: -The Pattaya News:  84 Illegal Immigrants Arrested in Kanchanaburi after Secretive Border Crossing

 


#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.