Preview

ချင်းပြည် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

လူထက်နိုင် | ဒီဇင်ဘာ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :607
ပြည်တွင်း သတင်း

(အာရက္ခတပ်တော် မှစစ်ဘက်ဆိုင်ရာအကူအညီများကိုပံ့ပိုးကူညီခဲ့)

လူထက်နိုင် (ဒွါရာမြီ)၊နိရဉ္စရာ၊ဒီဇင်ဘာ၂၂ / ၂၀၂၄

ချင်းညီနောင်သည် မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍ ချင်းပြည် မင်းတပ်မြို့နယ် တစ်ခုလုံးအားအလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ၂၂ရက်တွင် သတင်း ထုတ်ပြန်သည်။

ချင်းညီနောင်CHIN BROTHERHOOD မှ ထုတ်ပြန်ချက်ထဲတွင် “လက်ရှိတွင်မင်းတပ်မြို့နယ်တစ်ခုလုံးသည် စစ်ကောင်စီ ကင်းစင်သည့်မြို့နယ်တစ်ခုဖြစ်လာခဲ့ပြီးဖြစ်ကြောင်း” ဖော်ပြထားသည်။

ချင်းညီနောင်သည်မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်ဖြင့်မင်းတပ်မြို့နှင့်ဖလမ်းမြို့ သိမ်းတိုက်ပွဲကို  ၂၀၂၄ခုနှစ်နိုဝင်ဘာလ၉ရက်နေ့မှစတင် ဖော်ဆောင်ခဲ့သည်။  

၂ဝ၂၄ခုနှစ်၊ဒီဇင်ဘာလ(၂၁) ရက်နေ့တွင်ချင်းပြည်၊မင်းတပ်မြို့အခြေစိုက်အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအားချင်းညီနောင်သည်မဟာမိတ်အင်အားစုများမှ အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


blob











မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် Yaw Defense Force (YDF) Yaw Army (YA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မုံရွာခရိုင်တပ်ရင်း(၃) တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်။

အာရက္ခတပ်တော်(AA)မှလည်းမင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင်စစ်လက်နက်၊ခဲယမ်း၊စစ်ကူများအပြင်စစ်ရေးဆိုင်ရာအကြံဉာဏ်များနှင့်လိုအပ်သောအကူအညီများကိုပံ့ပိုးကူညီခဲ့သည်ဟု ဖော်ပြထားသည်။  

ထိုသို့ ဟန်ချက်ညီညီဆင်နွှဲခဲ့ကြပြီးမဆုတ်မနစ်သောစိတ်ဓာတ်တို့ဖြင့်တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့်၂ဝ၂၄ခုနှစ်၊ဒီဇင်ဘာလ(၂၁) ရက်နေ့တွင်ချင်းပြည်၊မင်းတပ်မြို့အခြေစိုက်အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအားမိမိတို့မှအပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်သည်စစ်ကောင်စီကင်းစင်သည့်မြို့နယ်တစ်ခုဖြစ်လာခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း၌မတရားဖမ်းဆီးအကျဉ်းကျထားသည့်နိုင်ငံရေးအကျဉ်းသား (၁၃) ဦးကိုလည်းအောင်မြင်စွာကယ်ထုတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။

ချင်းညီနောင်အနေဖြင့်ချင်းပြည်ရှိမြို့နယ်များတွင်ကျန်ရှိနေသေးသည့်အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအားသိမ်းပိုက်နိုင်ရေးအတွက်မဟာမိတ်တပ်ဖွဲ့များနှင့်အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်းအသက်ပေးသွားကြသည့်အာဇာနည်သူရဲကောင်းများ၊ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသည့်ရဲဘော်များနှင့်အောင်ပွဲရသည်အထိစွမ်းစွမ်းတမံချီတက်တိုက်ပွဲဝင်ခဲ့ကြသောတပ်မှူးများ၊တပ်သားများ၏အမိန့်နာခံမှု၊တိုက်ရည်ခိုက်ရည်၊ရဲစွမ်းသတ္တိ၊ဇွဲလုံ့လရှိမှုတို့ကိုလှိုက်လှဲစွာလေးစား ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။  

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.