Preview

ဗမာအပါအဝင်ဘဝတူအဖိနှိပ်ခံတိုင်ရင်းသားလူမျိုးအသီးသီးလွတ်မြောက်ရေးအတွက်ULA/AA ကနိုင်ငံရေးအမြင်ကျယ်စွာဖြင့်ပူးပေါင်းဆောင်ရွက်နေမှုအပေါ်အထူးဂုဏ်ကြောင်း ပအိုဝ်းနှင့် မွန်အဖွဲ့အစည်း၄ခုမှ  သဝဏ်လွှာပေးပို့

လူထက်နိုင် | ဒီဇင်ဘာ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :885
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)နိရဉ္စရာ၊ဒီဇင်ဘာ၂၅ / ၂၀၂၄

 

ဗမာအပါအဝင်ဘဝတူအဖိနှိပ်ခံတိုင်ရင်းသားလူမျိုးအသီးသီး၏လွတ်မြောက်ရေးတိုက်ပွဲများနှင့်အပြန်အလှန်ဆက်စပ်၍ပြည်သူလူထုတစ်ရပ်လုံးအဖိနှိပ်ခံဘဝမှလွတ်မြောက်ရေးအတွက်ULA/AA ကနိုင်ငံရေးအမြင်ကျယ်စွာဖြင့်ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်းအထူးပင် ဂုဏ်ယူကြောင်းပအိုဝ်းနှင့်မွန်အဖွဲ့အစည်းခုမှယနေ့ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့သည်။

 

 အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် (၄) ဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့်မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ဖြစ်ကြသည်။

 

အာရက္ခတပ်တော် (AA) ကအနောက် ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုသိမ်းပိုက်နိုင်ခဲ့ပြီးရက္ခိုင်တပြည်လုံးလွတ်မြောက်တော့မည့်အောင်ပွဲအတွက်ယခုကဲ့သို့ ဂုဏ်ပြုသဝဏ်လွှာပူးတွဲပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ဂုဏ်ပြုသဝဏ်လွှာထဲတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နိုင်ငံရေးဦးဆောင်မှု၊အာရက္ခတပ်တော်၏ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်မှုများကြောင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၂၀ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။ထိုမျှမကမကြာမီကာလတွင်ရက္ခိုင်တစ်ပြည်လုံးရှိစစ်ကောင်စီတပ်များကင်းစင်ပပျောက်သွားအောင်အာရက္ခတပ်တော် (AA) ဆက်လက် တိုက်ပွဲဝင်မှုနှင့်ရဲစွမ်းသတ္တိကိုဤသဝဏ်လွှာဖြင့်ဂုဏ်ပြုအပ်ပါသည်ဟုပါရှိသည်။

 

စစ်အာဏာရှင်စနစ်အောက်မှပထမဦးဆုံးလွတ်မြောက်မည့်ရက္ခိုင်ပြည်၏အလားအလာကောင်းများနှင့်အတူရက္ခိုင်ပြည်လွတ်မြောက်ရေးတွင်သာရပ်တန့်မနေဘဲတစ်နိုင်ငံလုံးရှိဗမာအပါအဝင်ဘဝတူအဖိနှိပ်ခံတိုင်ရင်းသားလူမျိုးအသီးသီး၏လွတ်မြောက်ရေးတိုက်ပွဲများနှင့်အပြန်အလှန် ဆက်စပ်၍ပြည်သူလူထုတစ်ရပ်လုံးအဖိနှိပ်ခံဘဝမှလွတ်မြောက်ရေးအတွက်ULA/AA ကနိုင်ငံရေးအမြင်ကျယ်စွာဖြင့်ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်းအထူးပင် ဂုဏ်ယူမိကြောင်းဖြင့်လည်း ဖော်ပြထားသည်။

blob

 














MNTJP/MNDAAI PSLF/TNLA နှင့်ULA/AA ညီနောင်မဟာမိတ်ဖွဲ့၏၂၀၂၃ခုနှစ်ဇန်နဝါရီလရက်နေ့နှစ်သစ်ကူးကြေညာချက်တွင်မိမိတို့အားလုံးနှင့်မြန်မာပြည်သူတစ်ရပ်လုံးမျှော်မှန်းထားသောဘုံရည်မှန်းချက်များပြည့်ဝစေရန်၊လက်ရှိအခြေအနေကိုအကောင်းဆုံးကျော်လွှားနိုင်ရန်နှင့်စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နိုင်ရန်အတွက်လုပ်သင့်လုပ်ထိုက်သည်များကိုဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း" ဖော်ပြခဲ့သည်။

 

ထိုဖော်ပြချက်နှင့်အညီပြည်ထောင်စုတဝန်းလုံးတွင်၁၀၂၇စစ်ဆင်ရေးပထမလှိုင်း၊ဒုတိယ လှိုင်းလုံးများနှင့်အတူလူထုတော်လှန်ရေး၏အောင်ပွဲအဆင့်ဆင့်ကိုရရှိခဲ့ပြီးစစ်အုပ်စု၏ရှုံးနှိမ့်မှုများကိုလည်းပီပီပြင်ပြင်တွေ့မြင်နေရပြီးဖြစ်ကြောင်းဂုဏ်ပြုသဝဏ်လွှာတွင်ပါရှိသည်။

 

မိမိတို့အနေဖြင့်လည်းတစိတ်တပိုင်းလွတ်မြောက်ရုံဖြင့်အားလုံးမလွတ်မြောက်နိုင်၊အားလုံးလွတ်မြောက်မှသာလွတ်မြောက်မှုအစစ်အမှန်ကိုအပြည့်အဝရရှိမည်၊ယခုအောင်ပွဲသည်ရက္ခိုင်ပြည်သူတို့၏အောင်ပွဲဖြစ်သကဲ့သို့တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုတစ်ရပ်လုံး၏အောင်ပွဲလည်းဖြစ်သည်"ဟုခံယူထားသည်နှင့်အညီသူ့အရေးကိုယ့်အရေး၊အားလုံး လွတ်မြောက်ရေး အတွက်စုပေါင်းတိုက်ပွဲဝင်ကြလျက်ရှိကြောင်းသိရသည်။

 

တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုအားလုံးလိုလားသောစစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဘုံလုပ်ငန်းစဉ်တွင်ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင်ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူခိုင်ခိုင်မာမာလက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်းဖော်ပြလျက်ဤသဝဏ်လွှာကိုဂုဏ်ပြုပေးပို့ကြောင်းဖြင့်လည်း ဖော်ပြထားသည်

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.