Preview

မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံက  မွတ်ဆလင် ၆၁ ဦးနှင့်ဘင်္ဂလာဒေ့ရှ် ၅ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကကယ်တင်

နိရဉ္စရာ | ဒီဇင်ဘာ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :917
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ၃၁ ဒီဇင်ဘာ ၂၀၂၄

မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရသည့် ကလေးငယ် ၃၇ ဦးအပါအဝင် မြန်မာနိုင်ငံမှ မွတ်ဆလင်  ၆၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅ ဦးတို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ကယ်တင်ခဲ့ကြောင်း Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလာရဲများသည် တနင်္ဂနွေနေ့တွင် လူ၆၆ ဦးကို ပင်လယ်လမ်းကြောင်းဖြင့် မလေးရှားသို့ ပို့ဆောင်ရန် ကြိုးပမ်းမှုကို တားဆီးခဲ့ပြီး လူကုန်ကူးသူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟုဖော်ပြသည်။ 

ဖမ်းဆီးခံရသူများမှာ Md Rashed (၂၅)နှစ်၊ Saleh Ahmed (၃၅)နှစ်၊ Nurul Kabir (၂၇)နှစ်၊ Syed Alam (၂၄) နှစ်နှင့် Kamrul Islam alias Md Shipon (၃၂) နှစ်တို့ကိုတက်ကနက်ရဲစခန်းမှ တာဝန်ခံ Md Gias Uddinက အတည်ပြုပြောဆိုခဲ့သည်။

ကယ်တင်ခံရသူများထဲတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် ကလေး ၃၇ ဦးတို့ဖြစ်ကြသည်။

“သတင်းပေးချက်အရ ရဲဝန်ထမ်းတစ်ဖွဲ့ကတက်ကနက်ရဲ့ Baharchara ဧရိယာက Abdul Alim နေအိမ်ကိုစီနင်းပြီး အဲဒီရိုဟင်ဂျာ ၆၁ ဦးနဲ့ ဘင်္ဂလား​ဒေ့ရှ် နိုင်ငံသား ၅ ဦး ကို တနင်္ဂနွေနေ့နေ့လယ်ပိုင်းလောက်မှာ ကယ်ဆယ်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့လက်ဝယ်မှ ကျည်ဆန်လေးတောင့်နှင့် ဒေသလုပ်လက်နက်နှစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ယင်းအမှုနှင့် ပတ်သက်၍ နယ်မြေခံ ရဲစခန်းတွင် အမှုဖွင့်ထားသိရသည်။Source:  Dhaka Tribune

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.