Preview

စစ်တွေထောင်ကပုသိမ်ထောင်ကိုရွှေ့ပြောင်းခံရသူများ ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို ထောင်သက်တမ်းစေ့သူတချို့လည်းလွတ်မြောက်လာခြင်းမရှိသေး

လူထက်နိုင် | ဇန်နဝါရီ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :1036
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇန်နဝါရီ၃/ ၂၀၂၅

စစ်တွေထောင်ကပုသိမ်ထောင်ကိုရွှေ့ပြောင်းခံရသူများနှင့်ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလိုထောင်သက်တမ်းစေ့သူတချို့လည်း လွတ်မြောက်လာခြင်းမရှိသေးကြောင်း အကျဉ်းသားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ရခိုင်ပြည်စစ်တွေအကျဉ်းထောင်မှထောင်ပြောင်းရွှေ့ရန်ခေါ်ထုတ်ခံရသည့်အကျဉ်းသားများသည်၂၀၂၄ခုနှစ်အောက်တိုဘာလတွင် ဧရာဝတီတိုင်းပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး စားသောက်နေထိုင်ရေး ခက်ခဲလျက်ရှိကာလွတ်ရက်စေ့သော်လည်း ပြန်လည်လွတ်မြောက်ခြင်း မရှိသေးသူများရှိနေကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၈ရက်နေ့ကစစ်တွေအကျဉ်းထောင်မှပုသိမ်အကျဉ်းထောင်သို့ရွှေ့ပြောင်း အကျဉ်းချခံရခြင်းခံထားရသည့်ပလက်ဝမြို့နယ်၊ဆမီးမြို့၊ပါးဝကျေးရွာမှနိုင်ငံရေးအကျဉ်းသား၁၉ဦးသည်၂၀၂၄ခုနှစ်၊နှစ်ကုန်ပိုင်းတွင်လွတ်ရက်စေ့၍လွတ်မြောက်ရမည်ဖြစ်သော်လည်းယနေ့အထိလွတ်မြောက်မှု မရှိသေးကြောင်းနီးစပ်သူများထံမှသိရသည်။

သူတိုနှင့် နီးစပ်သူတစ်ဦးက“သူတို့တွေက၂၀၂၄နိုဝင်ဘာလမှာ လွတ်ရက်စေ့တာအခုထိ လွတ်မလာသေးဘူး၊စစ်တွေကပုသိမ်ပြောင်းတော့ သွားရေးလာရေးအဆင်မပြေတော့ သွားမတွေ့နိုင်ကြတော့ ဆက်သွယ်ဖို့ခက်တယ်။ လွတ်ရက်စေ့လို့ မလွတ်သေးဆိုတော့စိုးရိမ်နေကြတယ်” ဟုပြောသည်။

ပလက်ဝမြို့နယ်၊ဆမီးမြို့၊ပါးဝကျေးရွာမှနိုင်ငံရေးပုဒ်မပုဒ်မ - ၅၂ (က) ဖြင့်၂၀၂၂ခုနှစ်၊ဧပြီလတွင်ပလက်ဝမြို့တရားရုံးကအမိန့်ချမှတ်ကာစစ်တွေအကျဉ်းထောင်သို့ပို့ဆောင်ခံခဲ့ရသည်။

၎င်းနိုင်ငံရေးအကျဉ်းသား၁၉ဦးသည်၂၀၂၄ခုနှစ်၊နှစ်ကုန်ပိုင်းတွင်လွတ်ရက်စေ့၍လွတ်မြောက်ရမည်ဖြစ်သော်လည်းယနေ့အထိလွတ်မြောက်မှုမရှိသေးသည့်အပြင်အဆက်အသွယ်လည်း ပြတ်တောက်နေကြောင်း အကျဉ်းသားအရေး လိုက်ပါဆောင်ရွက်သူများထံမှသိရသည်။

ပါးဝရွာသား၁၉ဦးသည်၂၀၂၂ခုနှစ်၊ဇန်နဝါရီလ၂၇ရက်နေ့စစ်ကောင်စီမှတရားစွဲဆိုခဲ့ပြီးမတ်လ၃၀ရက်နေ့တွင်၁၆ဦးကိုထောင်ဒဏ်၄နှစ်စီချမှတ်ခံရပြီး၃ဦးကိုထောင်ဒဏ်၇နှစ်စီအမိန့်ချမှတ်ကာဧပြီလ၆ရက်နေ့ပလက်ဝရဲစခန်းမှစစ်တွေအကျဉ်းထောင်ကိုပို့ဆောင်ခဲ့ပြီးနောက်အကျဉ်းကျနေစဉ်၂၀၂၄ခုနှစ်၊အောက်တိုဘာလ၈ရက်နေ့ကစစ်တွေအကျဉ်းထောင်မှပုသိမ်အကျဉ်းထောင်သို့ရွှေ့ပြောင်းအကျဉ်းချခံရခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းသားများကွန်ရက်(PPNM)တာဝန်ရှိသူ ဦးသိုက်ထွန်းဦးက“ရခိုင်စစ်တွေမှာရှိစဉ်ကာလကတည်းကမြို့ပေါ်ကမိသားစုတချို့ကတော့အကျဉ်းထောင်မှာရှိတဲ့မိမိတို့ရဲ့မိသားစုဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပါဆယ်ပို့နိုင်ကြတယ်။ အခုကဧရာဝတီတိုင်းပုသိမ်ကိုပို့လိုက်တာဖြစ်တဲ့အတွက် စစ်ဘေးဒဏ်ကြောင့်မို့လို့ အရင်ကတည်းကပါဆယ် မပို့နိုင်တဲ့သူတွေ ပုံမှန်ပါဆယ်ပို့နိုင်ခဲ့တဲ့ မိသားစုဝင်တွေတောင်မှ ပုသိမ် အကျဉ်းထောင်မှာ ရှိတဲ့အကျဉ်းသားတွေဆီကိုပါဆယ်ပို့ဖို့ခက်ခဲသွားပါပြီ။  အဲ့ဒီအခက်အခဲအပြင်သွားလာရေးအခက်အခဲလုံခြုံရေးအခက်အခဲတွေပါရင်ဆိုင်ရတာကြောင့်အခုအချိန်မှာတစ်လတကြိမ်ပါဆယ်ရောက်ဖို့ကဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး” ဟုပြောကြားထားသည်။

ပါးဝရွာသား၁၉ဦးသည်စစ်ကောင်စီ၏ဥပဒေမဲ့မတရားဖမ်းဆီးခြင်းခံရကာနိုင်ငံရေးအကျဉ်းသားများအဖြစ်အကျဉ်းကျခံနေရသူများဖြစ်ပြီးအခါကြီးရက်ကြီးနေ့များတွင်လွတ်ငြိမ်းချမ်းသာဖြင့်လွတ်ပေးသည့်အကျဉ်းသားများထဲတွင်လည်းပါဝင်လာခြင်းမရှိသည့်အပြင်လွတ်မြောက်ရက်စေ့နေပြီဖြစ်သော်လည်းလွတ်မြောက် လာခြင်းမရှိသေးကြောင်းသိရသည်။

စစ်တွေထောင်မှအကျဉ်းသားများသည်အောက်တိုဘာလ၁၀ရက်၊ညနေပိုင်းတွင်ပုသိမ်ထောင်သို့ ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကယနေ့ အောက်တိုဘာ(၁၂) ရက်တွင်ထုတ်ပြန်ထားသည်။

စစ်တွေထောင်မှပြောင်းရွှေ့သွားသူများအထဲမှအချို့ကိုရန်ကုန်ရှိအင်းစိန်ထောင်သို့ပြောင်းရွှေ့ခြင်းဖြစ်ပြီးကျန်အချို့ကိုပုသိမ်ထောင်သို့ပြောင်းရွှေ့သွားခြင်းဖြစ်သည်ဟုသိရသည်။

ဓာတ်ပုံ- PPNM

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.