Preview

ရခိုင်ကနေ ရန်ကုန်ကို စစ်ဘေးရှောင်လာကြသည့် မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုးများအပေါ် လူမိုက်ဂိုဏ်းတစ်ခုက ဆက်ကြေးများ ကောက်ခံနေ

ခိုင်လူလှ (ရိုးမမြေ) | ဇန်နဝါရီ ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :1691
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၁၀/၂၀၂၅

ရခိုင်ကနေ ရန်ကုန်သို့ စစ်ဘေးရှောင်လာကြသည့် မွတ်ဆလင်များနှင့် ဟိန္ဒူလူမျိုးများကို လူမိုက်တစ်ဦးက ဂိုဏ်းတစ်ခုနှင့် ပူးပေါင်းကာ ဆက်ကြေးကောက်၊ ငွေညှစ်နေ၍ ရပ်တည်နေထိုင်ရန် အခက်အခဲ ဖြစ်နေကြရသည်ဟု ကိုယ်တိုင် ငွေညှစ်ဆက်ကြေးကောက်ခြင်းခံခဲ့ရသူတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

အရင်ပထမတော့ ရခိုင်ကနေ ရန်ကုန်ကို စစ်ဘေးရှောင်လာကြတဲ့ မွတ်ဆလင်တွေဆီက ငွေညှစ်နေပါတယ်။ ဆက်ကြေး တောင်းခံပါတယ်။ အခု ဟိန္ဒူလူမျိုးတွေဆီကပါ တောင်းခံလာတယ်။ တောင်းခံလို့ မပေးရင် ရန်ရှာလာတွေလည်း ရှိနေပါတယ်။ ရဲတွေဘာတွေကို တိုင်ကြားပေမယ့် ထိထိရောက်ရောက် ဘာမှအရေးယူတာမရှိဘူးဟု ၎င်းက ပြောသည်။

 ယခုကဲ့သို့ ဆက်ကြေးငွေကောက်ခံနေသည်ကို ရခိုင်ပြည်၊ မောင်တောမြို့ကနေ ရန်ကုန်မြို့ သို့ ရောက်ရှိနေသူ တစ်ဦးက လူမိုက်ဂိုဏ်းများနှင့် ပူးပေါင်းကာ လုပ်ဆောင်နေသည်ဟု ဆိုသည်။

 သူ့နာမည်က ဇူဘိုင်ရ်ဗမာနာမည်က အောင်နိုင်ဆွေပါ  လူမိုက်ဆိုတဲ့လူကမောင်တော မောင်နီရွာကနေရန်ကုန်ကို ရောက်နေသူပါ။ လက်ရှိ တာမွေမြို့နယ်မှာ နေပါတယ်။ ခုလို ဆက်ကြေးငွေတောင်းတာကို သွားတိုင်တော့ ရဲစခန်းက နောက်နောင်မလုပ်တော့ဘူးဆိုပြီး လက်မှတ်ထိုးကာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုက ဆက်ပြီးလုပ်နေပါတယ်။ စကစက လူတွေနဲ့ ပေါင်းပြီး လုပ်စားနေတာပါဟု ပြောသည်။

 ငွေကြေးတောင်းခံရာတွင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများပြုလုပ်ကာ ဆက်ကြေးကောက်ခံသည်ဟု ပြောဆိုသည်။

မင်းတို့ပိုက်ဆံ ပေးမလား။ မပေးဘူးလား။ မပေးရင် မင်းတို့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စု စာရင်းတွေကို သိမ်းမယ်။ မင်းတို့ စီးပွားရေးလုပ်နေတာ တရားမဝင် လုပ်နေတာတွေ သိတယ်။ အဖမ်းခံချင်လား။ လာဖမ်းမယ်။ အဲသလိုမျိုး ခြိမ်းခြောက်ပြီး ငွေတောင်းခံနေတာပါဟု ပြောဆိုသသည်။

ရခိုင်တွင် တိုက်ပွဲများကြောင့် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ  မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုးများလည်း ရန်ကုန်မြို့သို့ စစ်ရှောင်လာခဲ့ကြရပြီး ရန်ကုန်တွင် နေထိုင်နေစဉ် ယခုလို ဆက်ကြေးငွေ ကောက်ခံမှုနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

 အမည်မဖော်လိုသူ မွတ်ဆလင်တစ်ဦးက ကျွန်တော်တို့ကရန်ကုန်မှာ စီးပွားရေးကမရှိဘူး။လုပ်ရင်လည်းအဆင်မပြေဒီမှာ တစ်ခါ  သူတို့ကစိတ်အနှောင့်ယှက်ပေးနေပါတယ်။ဘယ်သူ့ကိုမှ တိုင်လို့လည်း မရဘူး။ ဒါကြောင့် ကျနော်တို့ မီဒီယာကို တိုင်ကြားရတာပါဟု ပြောသည်။

 ယခုကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် ဇူဘိုင်ရ်အား ဆက်သွယ်၍ မရသေးသလို တာမွေရဲစခန်းသို့လည်း ဆက်သွယ်၍ အဆင်မပြေသဖြင့်  သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

(မှတ်ချက်- ငွေညှစ်ခံရသူ နှစ်ဦး၏ အမည်နှင့် ပေးလိုက်ရသော ငွေပမာဏကို အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ဤသတင်းတွင် ချန်လှပ်ထားခဲ့ပါသည်။)

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.