Preview

မကျီးဇင်နှင့်ပုသိမ်သွားလမ်းပေါ်တိုက်ပွဲဖြစ်

ခိုင်လူလှ (ရိုးမမြေ) | ဇန်နဝါရီ ၁၇/ ၂၀၂၅ | ကြည့်ရှုသူ :3060
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၁၇/ ၂၀၂၅

ဧရာ၀တီတိုင်း ပုသိမ်မြို့နယ်၊ ပုသိမ်နှင့် မကျီးဇင်သွားလမ်းပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ယနေ့ညနေတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက“တိုက်ပွဲဖြစ်ပွားတာ မကျီးဇင်နဲ့ ပုသိမ်သွားလမ်းပေါ်မှာဖြစ်တာပါ။ ကျားခေါင်းနဲ့ သဲဖြူရွာ၊ အဲဒီမှာ ဖြစ်တယ်လို့ သိရပါတယ်။ ညနေပိုင်းထိ သေနတ်သံတွေ မစဲသေးဘူးလို့ သိရပါတယ်” ဟု ပြောသည်။

တိုက်ပွဲမှာ ညနေ ၄ နာရီလောက်က စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ တိုက်ပွဲဖြစ်တာက အေအေနဲ့လား၊ ပီဒီအက်နဲ့လားဆိုတာတော့ မသိဘူးတဲ့၊ အရပ်သားတွေပြောတာ။ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ဖြစ်ကြတယ်လို့ ပြောပါတယ်။ အနီးအနားရွာတွေကပါ ပစ်သံတွေ၊ အတွဲလိုက်ပစ်သံတွေကို ကြားရတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

လက်ရှိ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ဘက်တွင် အခြေအနေတည်ငြိမ်နေပြီး ဝက်သေ၊ ပိုးလောင်း၊ ကျူတော၊ သပေါ့ကန်နှင့် တပင်မှော်ရေတပ်တို့တွင် စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းထားသည်ဟု သိရသည်။

“ အေအေကတော့ ဘောမိထိ ရောက်ခဲ့တယ်။ အခုတော့ မကျီးဇင်ဘက်ကို ဆုတ်သွားတယ်လို့ သိရပါတယ်။ စစ်ရေးသတင်းတွေကတော့ အမျိုးမျိုးထွက်နေပါတယ်။ ဂွမြို့ဘက်ကို ဆုတ်သွားပြီလို့လည်း ပြောတယ်။ သာပေါင်းဘက်ကို ထိုးစစ်ဆင်မယ်လို့ လည်း ပြောနေကြတယ်။ အရပ်ဘက်သတင်းကတော့ မျိုးစုံထွက်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယမန်နေ့ကလည်း မကျီးဇင်အနီးရှိ ငှက်ပျောတောင်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။(ဓာတ်ပုံ- အင်တာနက်)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.