လူထက်နိုင်၊ နိရဥ္စာ ၊ဇန်နဝါရီ ၂၁/၂၀၂၅
အမ်း - ပဒါန်းလမ်းပိုင်းတွင်စခန်းစွန့်ခွာထွက်ပြေးလာသည့်တပ်မ (၉၉) မှစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အရှိုချင်းကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှ၃ဦးသေဆုံးခဲ့သည်ဟုသတင်းရရှိသည်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)မှဇန်နဝါရီလ၂၀ရက်နေ့သတင်းထုတ်ပြန်ချက်ထဲတွင်အဆိုပါတိုက်ပွဲမှာ ဇန်နဝါရီလ၁၉ရက်နေ့ ညနေ၄နာရီမှ၅နာရီ၁၅မိနစ်ကြာသည့်အထိတစ်နာရီကျော် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စခန်းစွန့်ခွာထွက်ပြေးလာသည့်တပ်မ (၉၉) မှစစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးအားမကွေးတိုင်း၊ငဖဲမြို့နယ်၊အမ်း-ပဒါန်းလမ်းပိုင်းတစ်နေရာတွင်အရှိုချင်းကာကွယ်ရေးတပ် (ACDF) မှတပ်စိတ် (၂) စိတ်တို့မှတိုက်ခိုက်ခဲခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီးMA 1 သေနတ်သုံးလက်၊ကျည်ဆန်နှင့်ကျည်အိမ်များသိမ်းဆည်ရမိကာACDF ရဲဘော်များမှထိခိုက်မှုမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းACDFမှထုတ်ပြန်ထားသည်။
ဒီဇင်ဘာ၄ရက်နေ့ကလည်းအရှိုချင်းကာကွယ်ရေးတပ်(ACDF)၊New Society Army (NSA)၊ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ပူးပေါင်းတပ်ဖွဲ့မှစစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်ကြီး (၁) ဦးအပါအဝင်စုစုပေါင်းစစ်သုံ့ပန်း (၁၂) ဦးအားဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။