Preview

၂၀၂၅ ဇန်နဝါရီ တစ်လအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ (၁၃၆) ဦးလက်နက်မျိုးစုံ (၈၃) လက်နှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံ

ခိုင်လူလှ (ရိုးမမြေ) | ဖေဖော်ဝါရီ ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :374
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/ ၂၀၂၅

လွန်ခဲ့သည့် ၂၀၂၅ ဇန်နဝါရီလအတွင်းက ဗိုလ်မှူး (၁) ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့(၁၃၆) ဦးသည်လက်နက်မျိုးစုံ (၈၃) နှင့် အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ၁၃၆ ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကိုဆက်သွယ်ကာ ဝင်ရောက်လာခဲ့ကြသူများဖြစ်ကြသည်ဟုယနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

blob











ဇန်နဝါရီလအတွင်း လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၈၃) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့သည်ဟုဆိုသည်။ 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်အပ်ပါသည်ဟုလည်းဖော်ပြထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.