Preview

AA နှင့် ချင်းညီ‌နောင်တပ်ဖွဲ့ဝင်များ၏ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့်ချင်းပြည်၏ အမြင့်ဆုံး ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံတော်ကိုလွှင့်ထူနိုင်ပြီ

ခိုင်လူလှ (ရိုးမမြေ) | ဖေဖော်ဝါရီ ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :2722
ပြည်တွင်း သတင်း

(ယခုလို လွှင့်ထူနိုင်ခြင်းမှာ ချင်းပြည်သူများလိုလားတောင်းတမှုဖြစ်သလို၊ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ကတိလည်းဖြစ်)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉/၂၀၂၅

အာရက္ခတပ်တော် (AA)နှင့် ချင်းညီ‌နောင် တပ်ဖွဲ့ဝင်များ၏ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့်ချင်းပြည်၏ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံတော်ကို အောင်မြင်ခြင်း မှတ်တိုင်တစ်ခုအဖြစ် ပူးပေါင်းအောင်လံလွှင့်ထူ နိုင်ခဲ့ပြီဖြစ်ကြောင်းChin Defence Force – Kanpetlet က သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ ချင်းပြည်အလံတော်အား ဝိတိုရိယတောင်ပေါ်တွင် စိုက်ထူနိုင်ခဲ့ခြင်းမှာ ချင်းပြည်သူများ လိုလားတောင်းတခဲ့ကြသည့် သဘောထား စိတ်ဆန္ဒဖြစ်သလို၊ မဟာမိတ် အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းကတိလည်းဖြစ်သည်ဟုဆိုသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၂၀၂၀ ခုနှစ် ဇူလိုင် ၁၁ ရက်CCN Channel နှင့် အင်တာဗျူးတွင်" ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ချင်းပြည်အတွက်  ဝိတိုရိယ (Mt.Victoria)တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့  ကူညီပေးမယ် " ဆိုပြီး ထည့်သွင်းပြောကြားခဲ့ဖူးသည်။

ဝိတိုရိယတောင်အမည်နာမမှာ အင်္ဂလန်ဘုရင်မ  Queen Victoria ရဲ့အမည်နာမကို အစွဲပြုပြီး British ကမှည့်ယူခေါ်ဆိုခဲ့ကြတာဖြစ်ကြောင်း၊ချင်းတို့၏စစ်ရေးအောင်မြင်မှု အထိမ်းအမှတ်အ‌နေဖြင့် Mt.Victoria (ဝိတိုရိယတောင်) ကိုKhawnumcung ဟုပြန်လည်မှည့်ယူခေါ်ဆိုနိုင်ခဲ့ကြပြီဖြစ်ကြောင်းဖြင့်လည်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

“ ယခုချိန်မှာတော့ အကြမ်းဖက် စစ်မိစ္ဆာ အာဏာရှင်တွေကို အသက်၊သွေး၊ ချွေးများစွာနဲ့ တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်လို့ ချင်းတွေကိုယ်တိုင် အနှစ်သာရပြည့်ဝပြီး စစ်မိစ္ဆာ ကင်းစင်နိုင်ခဲ့တဲ့(ချင်းပြည်တောင်ပိုင်း) ချင်းတွေရဲ့ စစ်ရေးအောင်မြင်မှု အထိမ်းအမှတ်အ‌နေဖြင့်ဝိတိုရိယတောင်ကို Khawnumcung လို့ ပြန်လည်မှည့်ယူခေါ်ဆိုနိုင်ခဲ့ကြပြီဖြစ်ပါတယ်”ဟု ဖော်ပြသည်။  

ဝိတိုရိယတောင်ထိပ်မှာလည်း ချင်းပြည်အလံတော်ကို‌ လေးစားကြည်ညိုဖွယ်ရာ ကောင်းအောင်လွှင့်ထူနိုင်ခဲ့ကြပြီဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

“ ယခုချိန်မှာတော့ စိန်ခေါ်မှုများစွာ/အခက်ခဲများစွာကြားက မဟာမိတ် အာရက္ခတပ်တော် ( AA ) နဲ့ ချင်းညီ‌နောင် တပ်ဖွဲ့ဝင်တွေရဲ့ ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့် အောင်မြင်ခြင်း မှတ်တိုင် တစ်ခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ကြတာဖြစ်ပါတယ်”ဟု နိဂုံးချုပ် ဖော်ပြထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.