Preview

အင်းစိန်အကျဥ်းထောင်မှမွတ်ဆလင် (၉၃၆)ဦးအား စစ်တွေသို့ ပို့ဆောင်ရန် စစ်ကောင်စီခေါ်ထုတ်သွား

လူထက်နိုင် | ဖေဖော်ဝါရီ ၁၆/ ၂၀၂၅ | ကြည့်ရှုသူ :2106
ပြည်တွင်း သတင်း

လူထက်နိုင်၊နိရဉ္စရာ၊ဖေဖော်ဝါရီ၁၆ /၂၀၂၅

ရန်ကုန် အင်းစိန်အကျဥ်းထောင်မှလွတ်ရက်စေ့မွတ်ဆလင် (၉၃၆)ဦးအား စစ်ကောင်စီမှဖေဖော်ဝါရီ၁၆ရက် နံနက်ပိုင်းတွင်စစ်တွေသို့ သင်္ဘောများဖြင့် ပို့ဆောင်ရန် ကားများဖြင့် ခေါ်ထုတ်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ သတင်းထုတ်ပြန်သည်။

၎င်းတို့သည် အင်းစိန်ထောင်တွင် အကျဉ်းကျနေသူများမဟုတ်ကြဘဲ အနယ်နယ်အရပ်ရပ်ရှိ ထောင်များမှ ယူဆောင်လာပြီး အင်းစိန်ထောင်တွင်စုထားကာ ယနေ့နံနက်၆ နာရီဝန်းကျင်ခန့် က Express (ခရီးသည်တင်ယာဉ်)များဖြင့် ခေါ်ထုတ်သွားသည်ဟု သိရသည်။

PPNM ၏ သတင်းထုတ်ပြန်ချက်ထဲတွင်  “လွတ်ရက်စေ့ပြီးသည့်ရိုဟင်ဂျာအမျိုးသား (၁၈)ဦးမှလွဲ၍ကျန်ရိုမွတ်ဆလင်အမျိုးသား( ၅၈၄)ဦး၊အမျိုးသမီး(၂၆၇)ဦး၊ ကလေး(၆၇)ဦးတို့အားယနေ့မနက် (၆)နာရီ ဝန်းကျင် အချိန်မှစ၍အင်းစိန်အကျဉ်းထောင်မှတဆင့်စစ်တပ်နှင့်ရဲတပ်ဖွဲ့မှခေါ်ထုတ်ခဲ့ပြီးရခိုင်ပြည်နယ်စစ်တွေကိုရေကြောင်းအသုံးပြု၍ပို့ဆောင်သွားမည်ဖြစ်ကြောင်းPPNM၏အတည်ပြုထားမှုထပ်တိုးရရှိချက်များအားအသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။

ထိုသို့  ထောင်ထဲက ခေါ်မထုတ်သွားမီ တစ်ရက်မတိုင်ခင်က ရုံးပိတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၁၅)ရက် စနေနေ့က လဝကဝန်ထမ်း(၅၀) ကျော်သည် အင်းစိန် အကျဉ်း‌ထောင် အတွင်းလာရောက်၍အထောက်အထားကဒ်များပြုလုပ်ပေးခဲ့‌ကြောင်း၊ အဆိုပါ အထောက်အထားများမှာ မည်သည့် အထောက်အထားများဖြစ်သည်ကို စုံစမ်းနေကြောင်းPPNMမှထုတ်ပြန်ထားသည်။

ယခု လွှဲပြောင်းခံရမည့်သူများအထဲတွက် လွတ်ရက်စေ့ကာလတစ်နှစ်ခွဲကျော်သည်အထိအကျဉ်းထောင်တွင်းထပ်မံချုပ်နှောင်ခံ နေထိုင်ခဲ့ကြသူများလည်း ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် စစ်တွေမြို့အား အာရက္ခတပ်တော်မှ စစ်ရေးအရ ခြိမ်းခြောက်မှုများရှိလာသဖြင့် အကယ်၍ စစ်တွေအေအေလက်ထဲကျသွားပါက မွတ်ဆလင်ထောင်သားများအား စစ်တွေသို့ ပြန်ပို့ဆောင်ရန် မလွယ်ကူနိုင်၍ စစ်တွေမကျမီ ကြိုတင်ပြီး ပို့ဆောင်ခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့သုံးသပ်သူ တစ်ဦးက ပြောဆိုသည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.