Preview

မန္တလေးတိုင်းတွင် ကျေးရွာတစ်ခုကိုစစ်ကောင်စီက ဗုံးကြဲ၍ ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၂၇ဦးသေဆုံး

လူထက်နိုင် | မတ် ၁၄/ ၂၀၂၅ | ကြည့်ရှုသူ :734
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ မတ် ၁၄/၂၀၂၅

မန္တလေးတိုင်း၊ စဉ့်ကူးမြိုနယ်၊လက်ပံလှကျေးရွာရှိလူစည်ကားရာစျေးဆိုင်တန်းများအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၍ ကလေးငယ်၆ ဦး အပါအဝင်အပြစ်မဲ့ပြည်သူ ၂၇ ဦးအသက်ဆုံးရှုံးခဲ့ရကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကမတ်လ ၁၄ရက်တွင် သတင်းထုတ်ပြန်ထားသည်။

၎င်းဗုံးကြဲတိုက်ခိုက်မှုကို မတ်လ (၁၄)ရက် နေ့လယ် (၃)နာရီဝန်းကျင်ခန့်တွင်အကြောင်းမဲ့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးလက်ပံလှကျေးရွာရှိလူစည်ကားရာစျေးဆိုင်တန်းများအားထိမှန်ခဲ့သည်ဟု သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ် ၆ ဦးအပါအဝင်အပြစ်မဲ့ပြည်သူ ၂၇ ဦးအသက်ဆုံးရှုးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင်ရှိခဲ့သညါဟု ထုတပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံလှ ကျေးရွာအား ယခု ဗုံးကြဲတိုက်ခိုက်ခံရမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်၂၀၂၅ခုနှစ်၊မတ်လ၄ရက်နေ့တွင်လည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့်အပြစ်မဲ့ပြည်သူ (၆)ဦးအသက်ဆုံးရှုံခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းသိရသည်။

တော်လှန်ရေးတပ်ဖွဲများထိန်းချုပ်စိုးမိုးထားသည့်နယ်မြေများတွင်ပြည်သူကိုပစ်မှတ်ထားသောလေကြောင်း တိုက်ခိုက်မှုများကိုအကြမ်းဖက်စစ်ကောင်စီမှတစ်စထက်တစ်စပေါ်ပေါ်ထင်ထင်ကျူးလွန်လာသည်ကိုတွေ့ရှိရကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှထုတ်ပြန်ထားသည်။

#စစ်ဘေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.