Preview

AA နှင့်တော်လှန်ရေးတပ်များဝင်တိုက်မည်စိုးရိမ်၍ ပဒါန်း ဆုံကုန်းအမြောက်တပ်အနီးကို စစ်ကောင်စီ ဗုံးကြဲနေ

သဉ္ဇာနွယ် | မတ် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :2607
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၂၀/၂၀၂၅

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ရှိ ဆုံကုန်းအမြောက်တပ်ကို အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်များဝင်တိုက်မည်ကို စိုးရိမ်၍ စစ်ကောင်စီတပ်က အဆိုပါတပ်အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီဖက်က ဆုံကုန်းအမြောက်တပ်အနီးရှိ လယ်ကွင်း၊ တောင်တန်းနှင့် ကျေးရွာများကို ယမန်နေ့ မတ်လ ၁၉ ရက်တွင် တစ်နေကုန်ဗုံးကြဲခဲ့ပြီး ယနေ့ မတ်လ ၂၀ ရက်၊ နံနက်အထိ ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ပဒါန်းဒေသခံ စစ်တပ်နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဆုံကုန်းအမြောက်တပ်ကို AA နဲ့တော်လှန်ရေးတပ်တွေဝင်တိုက်မယ်လို့ သူတို့ သတင်းကြား၊ သတင်းတွေထွက်နေလို့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာ။ မနေ့ကဆို မနက်ကနေ ညနေအထိ လာကြဲလိုက်၊ နားလိုက်နဲ့။ ဒီနေ့မနက်အထိတော့ လေယာဉ်နဲ့မကြဲဘူး။ ဒရုန်းနဲ့ကြဲတယ်" ဟုပြောသည်။

စစ်ကောင်စီက ယင်းသို့ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ပဒါန်းမြို့နယ်မှ သာယာကုန်း၊ မကြီးကန်၊ စန္ဒကူးနှင့် ပြန်ကြည်ရွာစသည့် ကျေးရွာမှ ဒေသခံများသည် အသက်လုပြီး ထွက်ပြေးနေရသည်ဟု ပဒါန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရွာသားတွေ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ထွက်ပြေးနေကြရတယ်။ လူတွေတော့ အထိအခိုက်မရှိသေးဘူး" ဟုပြောသည်။

ပဒါန်းမြို့နယ်တွင် တပ်မ (၉၉)မှ စစ်ကောင်စီ၏ စစ်ကြောင်းများလှုပ်ရှားနေပြီး လက်နက်ငယ်များပစ်ခတ်ခြင်းနှင့် ဒေသခံများအား ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆုံကုန်းအမြောက်တပ်သည် အမ်း- ပဒါန်းလမ်းပေါ်ရှိ ငဖဲမြို့အပိုင် နတ်ရေကန်စခန်းတိုက်ပွဲကို လက်နက်ပစ်ကူအများဆုံးပေးနေသည့် အမြောက်တပ်ဖြစ်သည်။

အဆိုပါအမြောက်တပ်တွင် မတ်လ ၁၃ ရက်၊ ညအချိန်က တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံမှုများထွက်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းသို့ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါအမြောက်တပ်က လက်နက်ကြီးကျည်များ ရမ်းသန်းပစ်ခတ်မှုကြောင့် အ‌မြောက်တပ်နှင့် ၁၀ မိုင်ခန့်ကွာဝေးသည့် မြစ်ဖျားရွာမှ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရသွားခဲ့သည်။

ဓာတ်ပုံ - ပုံဟောင်း

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.