လူထက်နိုင်၊နိရဥ္ဇရာ၊ မတ် ၂၉/၂၀၂၅’
အင်အားပြင်းငလျင်ကြောင့်မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိသာသနာ့ဗိမာန်ကျောင်းပြိုကျ၍ပိတ်မိနေသည့် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတော် ခြောက်ပါး ပျံလွန်တော်မူကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မတ်လ ၂၉ရက် ညပိုင်းတွင်ထုတ်ပြန်သည်။
ငလျင်ကြောင့်ပြိုပျက်သွားသည့်အချိန်မှစတင်ပြီးယခုအချိန်အထိ သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပျံလွန်တော်မူ သံဃာတော်(၆)ပါးတို့၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်းတွင် အဆောက်အဦးပြိုကျ၍ ပိတ်မိနေသော သံဃာတော်များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသပ်တပ်ဖွဲ့