ပိုးဝါ၊ နိရဥ္စရာ၊ဧပြီ၂/၂၀၂၅
စစ်ကောင်စီကရက်ပေါင်း (၂၀) အပစ်ရပ်စဲကြောင်းကျေညာသော်လည်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်အင်အားစုဆောင်းခြင်း၊စုဖွဲ့ပြင်ဆင်ခြင်းများနှင့်နယ်မြေချဲ့ထွင်ခြင်းများပြုလုပ်ပါကဆက်လက်တုန့်ပြန်တိုက်ခိုက်မည်ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မတ်လ၂၈ရက်တွင်လှုပ်ခတ်ခဲ့သည့် ငလျင်နောက်ဆက်တွဲကူညီကယ်ဆယ်ရေးအတွက်ဧပြီလ၂ရက်မှ ၂၂အထိရက်ပေါင်း (၂၀) ယာယီအပစ်ရပ်ကြောင်းယနေ့ညပိုင်းတွင်စစ်ကောင်စီကကြေညာသည်။
လက်နက်ကိုင်တော်လှန်ရေးတပ်များ၏ယာယီအပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ကိုစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပယ်ချပြီးနောက်တစ်ရက်အကြာမှာယာယီအပစ်ရပ်ကြောင်းစစ်ကောင်စီကကြေညာလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီထုတ်ပြန်ချက်ထဲတွကင်အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့်ဆက်သွယ်ရေးလမ်းကြောင်းများအားနှောင့်ယှက်တိုက်ခိုက်ခြင်း၊ထိခိုက်ပျက်စီးစေခြင်း၊ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်ပျက်စီးစေခြင်း၊တပ်စခန်း၊တပ်ဌာနချုပ်များကိုတိုက်ခိုက်ခြင်း၊နယ်မြေချဲ့ထွင်ခြင်းတို့ပြုလုပ်ပါကလည်းအရေးယူတုန့်ပြန်မှုများကိုပြုလုပ်သွားမည်ဟုဖော်ပြထားသည်။
မတ်လ၂၈ရက်တွင်ဖြစ်ပွါးခဲ့သည့်အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်သေဆုံးမှုများပြားနေချိန် ကယ်ဆယ်ရေးလုပ်ငန်များလုပ်ဆောင်နိုင်ဖို့ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့်အာရက္ခတပ်တော် (AA)၊ကိုးကန့်တပ် (MNDAA)နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကခုခံကာကွယ်သည့်တုံ့ပြန်မှုမျိုးမှလွဲ၍ထိုးစစ်ဆင်မှုကိုဧပြီလတစ်လလုံးတဖက်သတ်အပစ်အခတ််စဲကြောင်းဧပြီလ၁ရက်တွင်ကြေညာထားပြီးအမျိုးသား ညီညွတ်ရေးအစိုးရNUG ကလည်းခုခံကာကွယ်စစ်မှလွဲ၍ထိုးစစ်အားလုံးကိုမတ်လ၃၀မှဧပြီ၁၂အထိရပ်ဆိုင်းကြောင်းမတ်လ၂၉ရက်ကကြေညာထားသည်။