Preview

၉ ဦးမြောက် အသက်ရှင်ကျန်ရစ်သူအား၁၂၅ နာရီအကြာတွင် တရုတ်ကယ်ဆယ်ရေးသမားများကကယ်ထုတ်နိုင်ခဲ့

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :1614
ပြည်တွင်း သတင်း

ခိုင်လူလှ (ရိုးမမြေ)၊ဧပြီ၃/ ၂၀၂၅

မန္တလေးမြို့တွင် ၉ ဦးမြောက် အသက်ရှင်ကျန်ရစ်သူအား ငလျင်လှုပ်ပြီး ၁၂၅နာရီအကြာတွင် တရုတ် ကယ်ဆယ်ရေး သမားများက ကယ်ထုတ်နိုင်ခဲ့သည်ဟု ရန်ကုန်ရှိ တရုတ်သံရုံးကသတင်းထုတ်ပြန်သည်။

မန္တလေး Golden Country ဟိုတယ် ကယ်ဆယ်ရေးနေရာတွင် ၁၂၅ နာရီနီးပါးကြာ ပိတ်မိနေသည့် အသက် ၅၂နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဧပြီ ၂ ရက် ၁၇ နာရီ ၄၀ မိနစ်ခန့်တွင်ကယ်ထုတ်နိုင်ခဲ့ပြီးယင်းမှာ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်ခဲ့သည့် ၉ဦးမြောက် အသက်ရှင်ကျန်ရစ်သူ ဖြစ်ကြောင်းဖော်ပြသည်။

တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ (CISAR) သည် ၃ နာရီကျော်ကြာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ အသက်ရှင်ကျန်ရစ်သူကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

၎င်းကယ်ထုတ်ခံရစဉ်တွင် အသက်ရှင်သည့်လက္ခဏာ ကောင်းမွန်ကြောင်း၊နောက်ဆက်တွဲဆေးကုသမှု ခံယူရန် ယင်းဒေသ ဆေးကုသရေးဌာနသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့နှင့်ဆန်းကျန့် SRVF ကယ်ဆယ်ရေးအဖွဲ့တို့လည်း ယခုအကြိမ် ပူးတွဲကူညီကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သည်။

တရုတ်နိုင်ငံအစိုးရ၏ ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးရာ အရေးပေါ်တုံ့ပြန်ရေးအင်အားစုများသည်

မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ကူညီခဲ့ပြီး  မိနစ်နှင့်အမျှ အချိန်နှင့်အပြေးပြိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို မရပ်မနားဆောင်ရွက်ခဲ့ကာ လူ့အသက်ကိုရှင်သန်စေ၍ လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်သူ ၉ ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါသည်။

#တရုတ်#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.