Preview

မြန်မာအလှမယ် ဆီလီမီး ငလျင်ကြောင့် သေဆုံး

မောင်စာဂ | ဧပြီ ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :594
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၄/၂ဝ၂၅

အင်အားအလွန်ပြင်းထန်ခဲ့သည့်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့တွင် မြန်မာအလှမယ် ဆီလီမီးလည်း သေဆုံးခဲ့ရသည်ဟု သိရသည်။

သေဆုံးခဲ့သည့် အလှမယ် ဆီလီမီးမှာ Miss Tourism World 2018 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော 1st Miss Tourism Myanmar (Miss Tourism Myanmar 2018) အလှမယ်ဖြစ်သည်။

လီဆူမလေးဖြစ်သည့် အလှမယ် ဆီလီမီးသည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အအုံပြိုကျမှုအတွင်း သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု Miss Tourism Myanmar အဖွဲ့က ဧပြီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

သူမ၏အလောင်းကို ယင်းနေ့တွင် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အလှမယ် ဆီလီမီးအား မမျှော်လင့်ဘဲ ဆုံးရှုံးရမှုအတွက် ထိခိုက်နာကျင်ခံစားနေရသော မိသားစုနှင့်ထပ်တူ Miss Tourism Myanmar Organizationနှင့် Blessed Entertainment မှ မိသားစုဝင်များမှ အထူးဝမ်းနည်းကြေကွဲကြောင်း ညှိုးငယ်စွာဖော်ပြအပ်ပါသည်”ဟု ဖော်ပြထားသည်။

blob

ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အအုံပြိုကျမှုအတွင်း အလှမယ် ဆီလီမီးနှင့်အတူ လူအများအပြား သေဆုံးသွားခဲ့ရသည်။

အဆိုပါငလျင်ကြောင့် မန္တလေးမြို့အပါအဝင် စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ ရှမ်းပြည်မြောက်ပိုင်းတို့တွင် လူဦးရေ သုံးထောင်ကျော်သေဆုံးခဲ့ရပြီး လမ်း၊ တံတားနှင့် အိုးအိမ်အဆောက်အအုံပေါင်း မြောက်များစွာ ပြိုကျပျက်စီးခဲ့ရသည်ဟု သိရသည်။

ဓာတ်ပုံ - Myanmar Transparency Entertainment 

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.