Preview

BPLA တပ် တည်ထောင်ခြင်း လေးနှစ်ပြည့်အခမ်းအနား စစ်ဒေသအသီးသီးတွင် ကျင်းပ

မောင်စာဂ | ဧပြီ ၁၈/ ၂၀၂၅ | ကြည့်ရှုသူ :203
ပြည်တွင်း သတင်း

(အာဏာရှင်စနစ်ဆိုးကြီး နောက်မျိုးဆက်ထံ လက်ဆင့်ကမ်းမကျန်ရစ်စေရေး အားလုံး တာဝန်ကိုယ်စီကျေပွန်ကြရန်လိုဟု BPLA ပြော)

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၁၈/၂ဝ၂၅

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တပ်တည်ထောင်ခြင်း လေးနှစ်ပြည့်အခမ်းအနားကို BPLA ၏ စစ်ဒေသအသီးသီးတွင် ကျင်းပခဲ့သည်ဟု BPLA က ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၇ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက သဝဏ်လွှာလည်း ပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာထဲတွင် အာဏာရှင်စနစ်ဆိုးကြီး နောက်မျိုးဆက်ထံ လက်ဆင့်ကမ်းမကျန်ရစ်စေရေး အားလုံး တာဝန်ကိုယ်စီကျေပွန်ကြရန်လိုသည်ဟု BPLA ကွပ်ကွဲရေးမှူး မောင်ဆောင်းခက ပြောဆိုထားသည်။

“အာဏာရှင်စနစ်ကို ကျနော်တို့ခေတ်မှာပဲ အဆုံးသတ်ပြီး ဒီစနစ်ဆိုး/အမွေဆိုးကြီး နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းမကျန်ရစ်ရဖို့ ကျနော်တို့အားလုံး တာဝန်ကိုယ်စီကျေပွန်ကြဖို့ လိုအပ်ပါတယ်”ဟု ဆိုသည်။

ယခုတော်လှန်ရေးကြီး အဆုံးသတ်ရေး တာဝန်သိသူများတွင်သာ တာဝန်ကိုယ်စီရှိကြပြီး တာဝန်မသိတဲ့သူများကို ပြစ်တင်ဝေဖန်နေမည့်အစား သူတို့နားလည်ပါဝင်လာအောင် စွမ်းဆောင်ပြရန်၊ ဦးဆောင်ပြရန်သာ အရေးကြီးသည်ဟုလည်း ပြောဆိုထားသည်။

blob
BPLA သည် ယခုနှစ်တွင် အမှတ်(၃ဝ၈)အညာစစ်ဒေသကို တိုးချဲ့တည်ဆောက်နိုင်ခဲ့သလို ဗမာအများစုနေထိုင်ရာဒေသများတွင် မဟာမိတ်များနှင့်လက်တွဲပြီး တိုက်ပွဲများဖော်ဆောင်နေပြီဟုလည်း မောင်ဆောင်းခက သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

“BPLA က အပြောချည်းမဟုတ်၊ အလုပ်နဲ့လည်း သက်သေပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ အခက်အခဲပေါင်းများစွာနဲ့ ကြိုးစားချီတက်ဆဲဖြစ်ပြီး အချိန်တစ်ခုအတွင်းမှာ လူထုက အမှန်တကယ် အားကိုးအားထားရတဲ့ တပ်တော်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟုလည်း ပြောဆိုထားသည်။

BPLA အနေဖြင့် တပ်ဖွဲ့ဝင်အင်အားများပြားရေးထက် စည်းစနစ်ကျရေးကိုသာ အဓိကဦးစားပေးသွားမည်ဟုလည်း ပြောဆိုသည်။

“အင်အားများပြီး စနစ်မကျရင် အချည်းအနှီးသာဖြစ်ပါတယ်”ဟု ဆိုထားသည်။

လူထုလွတ်မြောက်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလိုက်ရသည့် အာဇာနည်ရဲဘော်များနှင့် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည့် ရဲဘော်များ၏ စွန့်လွှတ်ပေးဆပ်မှုများကို အမြဲတမ်းအောက်မေ့သတိရပြီး မည်သည့်အခက်အခဲပင်ကြုံကြုံ ရအောင်ရှေ့ဆက်မည်ဆိုသည့်စိတ်ဓာတ်နဲ့ တော်လှန်ရေးအောင်မြင်သည်အထိ စည်းလုံးညီညွတ်စွာ ကြံ့ကြံ့ခံတိုက်ပွဲဝင်ကြရန်လည်း မောင်ဆောင်းခက သဝဏ်လွှာထဲတွင် ထည့်သွင်း မှာကြားထားသည်။

BPLA ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

BPLA သည် ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး အခြား မဟာမိတ်အဖွဲ့များနှင့်အတူပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင်စတင်ခဲ့သည့် အာရက္ခတပ်တော် (AA)အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်အာဏာရှင် အမြစ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေးတွင်လည်း BPLA က ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ - BPLA ၏ လေးနှစ်ပြည့်အခမ်းအနားကျင်းပခဲ့မှုမြင်ကွင်း (Photo – BPLA)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#နိုင်ငံရေး# BPLA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.