Preview

ကမာရွတ်ရဲစခန်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှု စစ်သားတစ်ဦးနှင့် ရဲတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ

ဂျက်စတင်သာအေး | ဧပြီ ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :1608
ပြည်တွင်း သတင်း

ဂျက်စတင်သာအေး၊ နိရဉ္စရာ၊ ဧပြီ ၁၉/၂၀၂၅

ရန်ကုန်မြို့ရှိ ကမာရွတ်မြို့နယ်ရဲစခန်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုအတွင်း စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာပြင်းထန်သူများအနက် ရဲတပ်ဖွဲ့ဝင်သည် ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံးနိုင်သည့်အခြေအနေရှိသည်ဟု ကမာရွတ်ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

“ဗုံးပေါက်ကွဲတဲ့အသံကတော့ တော်တော်ကျယ်ပါတယ်။ အားလည်း ပြင်းလောက်တယ်။ စစ်သားတစ်ယောက်နဲ့ ရဲတစ်ယောက်ဒဏ်ရာရရှိသွားတယ်။ အဲဒီအထဲက ဒဏ်ရာရရှိတဲ့ရဲသားကတော့ ဒဏ်ရာပြင်ထန်ပြီး သေဆုံးနိုင်တယ်လို့ပြောနေကြပါတယ်” ဟု ပြောသည်။

ကမာရွတ်မြို့နယ်ရဲစခန်းကို ဧပြီလ ၁၈ ရက်၊ ည ၁ဝ နာရီခန့်က Yangon UG People Army (YUPA)နှင့် Operation Flam (OF)တို့ပူးပေါင်းကာ လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှုရှိနိုင်သည်ဟုလည်း YUPA က ယနေ့ ဧပြီ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

blob
ကမာရွတ်ရဲစခန်းသည် ဘုရင့်နောင်လမ်းမကြီးနှင့် လှည်းတန်းလမ်းထောင့် ဆင်မလိုက် လူကူးကုန်းတံတားအောက်တွင် တည်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆင်မလိုက်လူကူးကုန်းတံတား ရဲစခန်းဘက်အခြမ်းကို ပြည်သူများသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသည်။

လက်ရှိတိုက်ခိုက်မှုဖြစ်စဉ်တွင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်များက လှည်းတန်းလမ်းပေါ်မှ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကမာရွတ်ရဲစခန်းရှိ ရဲသားနှင့် စစ်သားပူးပေါင်းအဖွဲ့သည် နေ့စဉ်ရက်ဆက် လမ်းသွားလမ်းလာဒေသခံပြည်သူများကို မတရားဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ကမာရွတ်ရဲစခန်းအနီး နာနတ်တောလမ်းပေါ်ရှိ ဗဟိုလမ်းကို ဖြတ်ကူးသည့် နာနတ်တော ကုန်းတံတားအောက်တွင်လည်း အိမ်ခြေရာမဲ့ စည်ပင်အလုပ်သမားများကို နေရာပေးထားပြီး သူတို့နှင့်ပူးပေါင်းကာ လမ်းသွားလမ်းလာ အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.