Preview

မတ်လအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ရပြီး ၈၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်

နိရဉ္စရာ | ဧပြီ ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :1754
ပြည်တွင်း သတင်း

ခိုင်လူလှ (ရိုးမမြေ)- နိရဉ္စရာ၊ ဧပြီ ၂၀/၂၀၂၅

၂၀၂၅ ခုနှစ် မတ်လ တစ်လတည်းအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံတွင်  အမျိုးသမီး (၆၆) ဦး သေဆုံးခဲ့ရပြီး (၈၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း  မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU) ၏ ဧပြီ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းနှင့်ပြည်နယ်အလိုက် သေဆုံးခဲ့ရသူများမှာ မကွေးတိုင်းတွင် ၁၅ ဦး၊ မန္တလေးတိုင်းတွင် ၁၂ ဦး၊ စစ်ကိုင်းတိုင်းတွင် ၉ ဦး၊ ပဲခူးတိုင်းတွင် ၇ ဦး၊ တနင်္သာရီတိုင်းတွင် ၂ ဦး၊ ဧရာ၀တီတိုင်းတွင် ၁ ဦး၊ ရခိုင်ပြည်တွင် ၂ ဦး၊ ရှမ်းပြည်နယ်တွင် ၁၂ ဦး၊ ကချင်ပြည်နယ် ၂ ဦး၊ ကရင်နီပြည်နယ်တွင် ၂ ဦးနှင့် ကရင်ပြည်နယ်တွင် ၂ တို့ဖြစ်ကြသည်။

သေဆုံးခဲ့ရသူအများစုမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး ၅၀ ဦးအထိ သေဆုံးခဲ့ရပြီး  နောက်ထပ် သေဆုံးရသူများမှာ စစ်ကောင်စီတပ်က ပြည်သူများ၏ ရွာနှင့် နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၅ ဦး၊ မြေမြှပ်မိုင်းကြောင့် ၂ ဦး၊ အကြမ်းဖက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၇ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ ဦးဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

သေဆုံးသူ အမျိုးသမီးများအထဲမှ ၂၄ ဦးမှာ အသက် ၁၈ နှစ် အောက်ဖြစ်ကြောင်း သိရသည်။

၎င်းပြင် အမျိုးသမီး ၈၈ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ ထိုအထဲတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၉ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၃ ဦး၊ မြေမြှပ်မိုင်းကြောင့် ၁၅ ဦးနှင့် အကြောင်းမဲ့ ရိုက်နှက်ခံရကြောင်း ၁ ဦးတို့ဖြစ်ကြသည်။

ယခုစာရင်းသည် မတ် ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ အချက်အလက်များဖြစ်ကြပြီး တိကျခိုင်လုံသည့် သတင်းမီဒီယာများ၏ သတင်းအချက်အလက်များကို စောင့်ကြည့်မှတ်တမ်းတင်မှုများအပြင် မြေပြင်မှ ကောက်ယူထားသည့် အချက်အလက်များကို စုစည်းတင်ပြထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

 

#စစ်ဘေး#အမျိုးသမီးအရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.