Preview

ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရမှု ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ၁၆ ဦး အရှင်ဖမ်းမိ

လူထက်နိုင် | ဧပြီ ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :1189
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဥ္ဇရာ၊ ဧပြီ ၂၈/၂၀၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ ဟားလီးကွေ့စခန်းကိုတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ၁၆ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၂၈ ရက်နေ့တွင်  ဒူရကစစ်ကြောင်းက ထုတ်ပြန်သည်။

ဧပြီလ ၂၆ ရက်၊ နံနက် (၆) နာရီခန့်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိသော ဟားလီးကွေ့ စစ်ကောင်စီ တပ်စခန်းအား ညီနောင်မဟာမိတ်ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူအများအပြားနှင့် လေယဉ် ပစ်ကူပေးခဲ့သည်။ ၎င်းတိုက်ခိုက်မှုတွင် ဗိုလ်ကြီး (၁) ဦးသေဆုံးဆုံးပြီး (၁၆) ဦးအရှင် ဖမ်းဆီးရမိခဲ့ပြီး MA1 (၉) လက် ၊ MA2 (၁) လက်၊ MA3 (၆) လက်၊ MA4 (၁) လက်၊ MA11 (၁) လက်၊ BA 100 (၁) လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်း ရရှိခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ KNU တပ်မဟာ (၄) တပ်ရင်း (၁၂) တပ်ခွဲ (၅) ၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Foce (DGRF)। Tavoy People Liberation Force (TPLF): (?)। Sky Ghost Drone Force ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန်ဖြစ်၍ စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်လည်း ဒူရကစစ်ကြောင်းက တိုက်တွန်းထားသည်။

တိုင်းအတွင်း စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံ ကြရန်လည်း တိုက်တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံးပူးပေါင်းပေးကြရန်လည်း ဒူရကစစ်ကြောင်းက ဖိတ်ခေါ်ထားသည်။

ဓာတ်ပုံ-ဒူရကစစ်ကြောင်း

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.