Preview

ငဖဲမြို့နယ်တွင် အင်အား ၂၀ ပါ စကစလုံခြုံရေးစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရပြီး ၉ ဦး ပွဲချင်းပြီး သေဆုံး

လူထက်နိုင် | မေ ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :397
ပြည်တွင်း သတင်း

နိရဥ္ဇရာ၊ မေ ၁ /၂၀၂၅

မကွေးတိုင်း၊မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အင်အား ၂၀ ပါ စစ်ကောင်စီ လုံခြုံရေးစစ်ကြောင်းတစ်ခုကို ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho)ကဖြတ်တောက်တိုက်ခိုက်ခိုက်၍စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်သည့် ငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းမှ လုံခြုံရေးယူရန် ထွက်လာသော အဆိုပါစစ်ကြောင်းကို CDF - Asho က ဧပြီလ ၃၀ ရက်၊ နံနက် ၈ နာရီတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho)က ယနေ့ မေလ ၁ ရက်တွင်ထုတ်ပြန်ရာတွင်ဖော်ပြထားသည်။ 

ဖြတ်တောက်တိုက်ခိုက်ခဲ့ရမှုကြောင့်အင်အား ၂၀ ကျော်ပါသည့်၎င်းစစ်ကြောင်းမှစစ်သား ၉ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီးစစ်ကောင်စီတပ်မှထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟုဆိုသည်။

MA အမျိုးစား လက်နက်ငယ်၉လက်၊ ကျည်ဘောက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

blob
သေဆုံးစစ်သား အလောင်းများ
၎င်းစစ်သားများသည်နတ်ရေကန်တပ်စခန်း မကျစေရေးအတွက်ပဇီကျေးရွာရှိဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ   ၁၃)မှတပ်သားများဖြစ်ကြပြီး ကားလမ်းလုံခြုံရေး ဆောင်ရွက်ရန်လာရောက်စဉ်တိုက်ခိုက်ခံခဲ့ကြခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ငဖဲမြို့နယ်၊ ပဇီဘုန်းကြီးကျောင်းတွင် တပ်မ(၉၉)၊ ကပစ( ၂/ ၁ဝ/ ၁၃/ ၁၄ ) များမှအင်အား ၁၃၀ ခန့် တပ်စွဲလျက်ရှိပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများအား ထုတ်ယူရောင်းချခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ဓာတ်ပုံ - CDF - Asho

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.