Preview

မူးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော ကျေးရွာငါးရွာကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက် (စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးနှင့် အရာခံ ဗိုလ်တစ်ဦးအပါအဝင် သေဆုံးသူများပြား)

လူထက်နိုင် | မေ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :367
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဥ္ဇရာ၊ မေ ၃ /၂၀၂၅

ပဲခူးတိုင်း၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော ကျေးရွာငါးရွာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာငါးရွာမှာ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)နှင့် တောင်စုကျေးရွာများဖြစ်သည်။

အဆိုပါကျေးရွာများကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်တို့က ဧပြီလ ၂၈ ရက်၊ ညဥ့် ၁ နာရီအချိန်တွင် တက်ရောက်သိမ်းယူ ရှင်းလင်းနိုင်ခဲ့ကြောင်း KNU ဗဟို၏ မေလ ၂ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါကျေးရွာများသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်သည့် ခလရ(၆၀)၊ ခလရ(၇၃) ပူးပေါင်းတပ်ပေါင်းစုက ထိုးစစ်ဆင်ကာ ခြေကုတ်ယူထားသည့်နေရာများဖြစ်သည်ဟု သိရသည်။

ထိုသို့သိမ်းပိုက်ရာတွင် စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး တစ်ဦးနှင့် အရာခံ ဗိုလ်တစ်ဦးအပါအဝင် သေဆုံးသူများပြားခဲ့သလို လက်နက်ခဲယမ်း များစွာလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် အဆိုပါကျေးရွာများတွင်တပ်စွဲထားမှုကြောင့် ဒေသခံများသည် မိမိပိုင်ဆိုင်မှုများကို ထားခဲ့ကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး များစွာဒုက္ခနှင့်ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (Photo - KNU)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ကောင်စီ#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.