မောင်စာဂ၊ နိရဥ္စရာ၊ မေ ၃/၂၀၂၅
ဆွေးနွေးပွဲပျက်ပြယ်ပြီးနောက် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးလာကြဲခဲ့သည့်အတွက် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို ယနေ့ မေလ ၃ ရက်၊ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး တစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်း
"မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ဒေသခံ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံသေဆုံးမှုရှိခဲ့ပြီး နေအိမ်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက စစ်ရှုံးပြီး စွန့်ခွာခဲ့ရသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသော မြို့ငါးမြို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်
ယင်းသို့ ဆွေးနွေးပွဲရပ်တန့်သွားပြီးနော
မေလ ၂ ရက်၊ ည ၁၂ နာရီကလည်း စစ်ကောင်စီက မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မာရုံနှင့် ပြည်သူလူထုနေအိမ်ခြောက်လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၃ဝ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - TNLA
--
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်