Preview

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး

လူထက်နိုင် | မေ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :406
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ မေ ၃ /၂၀၂၅

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် ရဲကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေရှိ တော်လှန်‌‌ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၃ ရက်နေ့ထုတ်ပြန်ချက်တွင် “ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် ရဲကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၆)၊ နတ်တလင်းမြို့နယ်(ပကဖ)တို့ ပူးပေါင်းပြီး မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်” ဟု ပါရှိသည်။

blob
အဆိုပါတိုက်ခိုက်မှုသည် (၁)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကာ ကျန်သူများမှာ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲအတွင်း တော်လှန်‌‌ရေးတပ်ဖွဲ့များက (၆၀)မမစိန်ပြောင်း တစ်လက်၊ လက်နက်ငယ် ငါးလက်နှင့် ခဲယမ်းများ၊ နင်းမိုင်း၊ ယာဉ်ဖျက်မိုင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - NUG
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.