Preview

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်

သဉ္ဇာနွယ် | မေ ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :1185
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၁၅/၂၀၂၅

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

အသက်(၈၇)နှစ်အရွယ် ဦးဇောင်းဟရားသည် ယနေ့ မေလ ၁၅ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု KIA/KIO နှင့် နီးစပ်သည့် ကချင်ဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"အသက်ကလည်း ကြီးပြီ။ ခုလိုမျိုး ခေါင်းဆောင်ကောင်းတစ်ယောက်ဆုံးရှုံးသွားတာ စိတ်မကောင်းဘူး။ သူအနားယူတဲ့အချိန်က ဘာအပြစ်အနာအဆာမှမရှိခဲ့ဘူး။ ကျန်းမာရေးမကောင်းလို့ အနားယူခဲ့တာပါ" ဟု ပြောသည်။

ဦးဇောင်းဟရားသည် ၁၉၆၄ ခုနှစ်တွင် KIA သို့ စတင်တာဝန် ထမ်းဆောင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလထိ KIO တွင် ဥက္ကဋ္ဌတာဝန်ကို တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကျန်းမာရေးကြောင့် တာဝန်မှ အနားယူခဲ့ပြီး ယင်းနောက် ဥက္ကဋ္ဌတာဝန်ကို ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် လွှဲပြောင်းတာဝန်ယူခဲ့သည်။

ယင်း‌နောက် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ၂၀၂၃ ခုနှစ်၊ မေလ (၂၇)ရက်တွင် အသက် (၈၀) နှစ်ပြည့်မြောက်ခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှ အနားယူသွားခဲ့ရသည်။

ယင်းနောက် ဒုဥက္ကဋ္ဌ(၁)ဖြစ်သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ်ဂမ်ရှောင်က ယာယီဥက္ကဋ္ဌအဖြစ် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် လွှဲပြောင်းတာဝန်ယူခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် နီးစပ်သူများက ပြောသည်။

ကချင်တော်လှန်ရေးအဖွဲ့၏ နိုင်ငံရေး ဦးဆောင်ပါတီ ဖြစ်သည့် KIO ကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်ဖြစ်သည့် KIA ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ကွယ်လွန်သွားခဲ့သည့် KIO ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရားအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.