နိရဉ္စရာ၊ဇွန်လ၁/ ၂၀၂၅
အပစ်ရပ်စဲကြောင့်ထုတ်ပြန်ပြီးမကြာခဏအရပ်သားပြည်သူများကိုဗုံးကြဲသတ်ဖြတ်လေ့ရှိသောစစ်ကောင်စီသည်ယာယီအပစ်အခတ်ရပ်စဲရေးကိုဇွန်လ၁ရက်နေ့မှ၃၀ရက်နေ့ထိကြောင်းထပ်မံတိုးမြှင့်လိုက်သည်ဟုမေလ၃၁ရက်နေ့စွဲဖြင့်ထုတ်ပြန်လာသည်။
ယာယီအပစ်အခတ်ရပ်စဲရေးကိုထုတ်ပြန်ရခြင်းမှာငလျင်သင့်ဒေသများ၌ပြန်လည်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရေး၊လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်စေရေး၊နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏အကျိုးစီးပွားကိုပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်စေရေးနှင့်ရေရှည်တည်တံ့ပြီးစစ်မှန်သောငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ရေးတို့အတွက်တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးတပ်မတော်အနေဖြင့်၂၀၂၅ခုနှစ်ဇွန်လ၁ရက်မှ၃၀ရက်ထိကာလကိုယာယီပစ်ခတ်မှုရပ်စဲရေးကာလအဖြစ်ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီသည်၂၀၂၅ခုနှစ်မေလ၁ရက်နေ့မှ၃၁ရက်နေ့ထိယာယီပစ်ခတ်မှုရပ်စဲရေးကာလအဖြစ်ထုတ်ပြန်ခဲ့သည်။
အဆိုပါအပစ်ရပ်စဲထားသည့်မေလအတွင်းရခိုင်ပြည်အတွင်းမှစစ်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသောလူနေကျေးရွာရပ်ကွက်များကိုလေယာဉ်များဖြင့်ရုတ်တရက်လာရောက်ဗုံးကြဲတိုက်ခိုက်၍ကလေးငယ်များအပါအဝင်အရပ်သားအနည်းဆုံး၂၀ဦးသေဆုံးခဲ့ရသည်။
၂၀၂၅ခုနှစ်မေလ၁၃ရက်နေ့က ရသေ့တောင်မြို့နယ်၊ထွန်းရဝေရွာဟောင်းအားစစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်အပြစ်မဲ့အရပ်သားပြည်သူ (၁၂) ဦးသေဆုံးခဲ့ပြီး (၂၃) ဦးဒဏ်ရာရရှိခဲ့ကာနေအိမ် (၃၁) လုံးပျက်စီးဆုံးရှုံးခဲ့ရသည်။
၂၀၂၅ခုနှစ်၊မေလ (၁၄) ရက်နေ့လည်းစစ်ကောင်စီမှကျောက်တော်မြို့ရှိလူနေရပ်ကွက်များအတွင်းကိုဂျက်ဖိုက်တာ (၁) စီးဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်အပြစ်မဲ့ပြည်သူအမျိုးသမီး (၃) ဦးသေဆုံးခဲ့ပြီးနေအိမ် (၉) လုံးခန့်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဖော်ပြထားသည်။
အလားတူမေလ၁၅ရက်နေ့လယ်တွင်ကျောက်တော်မြို့ပေါ်ကိုဒုတိယနေ့အဖြစ်စစ်ကောင်စီကလေကြောင်းမှသုံးကြိမ်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်သဖြင့်အရပ်သားပြည်သူ၅ဦးသေဆုံးကာ၉ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီသည်မေလ၁ရက်မှ၃၀ရက်နေ့ထိယာယီအပစ်ရပ်စဲကြောင်းထုတ်ပြန်ပြီးမြန်မာနိုင်ငံအနှံ့အရပ်သားပစ်မှတ်များကိုဦးတည်ပြီးလေယာဉ်များဖြင့်ဗုံးကြဲခဲ့သဖြင့်ရခိုင်အပါအဝင်စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်၊ရှမ်းမြောက်နှင့်ကရင်ပြည်နယ်တို့တွင်အပြစ်မဲ့ပြည်သူလူပေါင်းရာနှင့်ချီပြီးသေဆုံးခဲ့ရသည်။