Preview

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှ ဆရာ/ ဆရာမ တစ်ထောင်ကျော် အလုပ်မှ ရပ်နားခံရ

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :2356
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇွန် ၅/ ၂၀၂၅

ဘဏ္ဍာငွေ အကျပ်အတည်းကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊  ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ ရခိုင်မြောက်ပိုင်းမှ ထွက်ပြေးလာကြသည့် မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် စာပြနေသည့် ဆရာ/ဆရာမ ၁၀၀၀ ကျော် အလုပ်မှ ရပ်ဆိုင်းခံလိုက်ရသည်ဟုသတင်းရရှိသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် သူငယ်တန်းနှင့် မူလတန်းကျောင်းများတွင် အလုပ်လုပ်နေသော ဆရာဆရာမ ၁,၁၇၉ ဦး၏ စာချုပ်များကို ရပ်ဆိုင်းလိုက်ကြောင်း UNICEF မှ ပြောကြားခဲ့သည်ဟု AFP က သတင်း ဖော်ပြသည်။

“ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအခက်အခဲကြောင့် ဆရာ ဆရာမ ၁၀၀၀ ကျော်ကို အလုပ်မှ ခက်ခက်ခဲခဲ ရပ်ဆိုင်းခဲ့ရသည်” ဟု UNICEF မှပြောကြားသည်။

ဒုက္ခသည်စခန်းများတွင်ကျောင်းဆရာဆရာမ ၁၀၀၀ကျော်ကို အလုပ်မရပ်မီက ဆရာ ဆရာမ ၄၀၀၀ ခန့်ရှိကြောင်း ဘင်္ဂလား ဒေ့ရှ် အကြီးတန်းအစိုးရအကူအညီပေးရေးအရာရှိ Md Shamsud Douza က ပြောကြားခဲ့သည်။

အဆိုပါ ဒုက္ခသည် စခန်းများတွင် လူပေါင်း တစ်သန်းခန့် ခိုလှုံနေသည်ဟု ပြောသည်။

အမေရိကန်အစိုးရမှရန်ပုံငွေ ဖြတ်တောက်မှု အပြီးတွင် ဆရာဆရာမများအား အလုပ်ဖြုတ်ရန် ဖြစ်ပွားလာခြင်း ဖြစ်သည်။

လက်ရှိတွင် ကျောင်းများအား အိဒ်အားလပ်ရက်တွင် ကျောင်းများပိတ်ထားသော်လည်း ဇွန်လ ကျောင်းများပြန်ဖွင့်ပါက ထပ်မံပြီး ဘဏ္ဍာငွေ အသစ်များရရှိမှု မသေချာပါက နောက်ထပ် ဆရာ ဆရာမ အများအပြားလည်း အလုပ်က ရပ်နားခံရနိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။

“ကျန်တဲ့ ဝန်ထမ်းတွေ ပြန်လာဖို့က ရန်ပုံငွေအသစ် အာမခံချက်ပေါ်မှာ မူတည်ပါတယ်။ကလေးတိုင်း ထိုက်တန်တဲ့ အနာဂတ်ကို ပြန်လည်ရရှိစေမယ့် အထောက်အပံ့တွေ တိုးလာမယ်လို့ ကျနော်တို့က ကတိပြုထားပြီး မျှော်လင့်ပါတယ်” ဟု UNICEF မှ ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇန်နဝါရီလတွင် ရာထူးမှပြန်တက်လာပြီးနောက်ပိုင်း နိုင်ငံခြားအကူအညီအများစုကို ရပ်ဆိုင်းထားခဲ့သဖြင့်ကမ္ဘာတစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများအခက်အခဲများဖြင့် ကြုံတွေ့လာကြရသည်။

ပုံစာ- အိုကီးယားမြို့တွင် အလုပ်ပြန်ခန့်ရန် တောင်းဆိုဆန္ဒပြနေကြသည့် ဆရာများ)



#လူမှုရေးရာ#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.