Preview

ကျုံဒိုးမြို့မှတဆင့်စစ်ကူပေးရန်တက်လာသော စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၍ (၃၀)ဦးခန့်မနည်း သေဆုံး

လူထက်နိုင် | ဇွန် ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :949
ပြည်တွင်း သတင်း

(တပ်ရင်းမှူးနှင့် ဗိုလ်မှူးအပါအဝင် (၁၀) ဦးခန့် ဒဏ်ရာရ)

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၂၁ /၂၀၂၅

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့်စစ်ကူပေးရန်တက်လာသော စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၍ (၃၀)ဦးထက်မနည်း သေဆုံးသွားပြီး တပ်ရင်းမှူးနှင့် 2IC အဆင့် ဗိုလ်မှူးအပါအဝင် (၁၀) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်တက်လာသော စစ်ကောင်စီ၏ တပ်မ(၄၄)၊ (၅၅) နှင့် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က ထိတွေ့တိုက်ပွဲတွင်း တပ်ရင်းမှူးအပါအဝင် 2IC ဗိုလ်မှူး ဒဏ်ရာရရှိ၍ (၃၀)ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း MLA က ထုတ်ပြန်ထားသည်။

မွန်-ကရင်စစ်ဆင်ရေးအတွင်း KNLA ဦးဆောင်သည့် RMA ရာမညမွန်တပ်တော်နှင့် ပူးပေါင်းတပ်များသည် ကျုံဒိုးမြို့မှတစ်ဆင့် အောင်ဇေယျစစ်ကြောင်း ကိုစစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် တပ်မ(၄၄)၊ (၅၅)တို့နှင့် ၇ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းမီးကျောက်မျိုးစုံနှင့် အသုံးဆောင် ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် နယ်မြေရှင်းလင်းချိန်တွင် ပြည်သူလူထုထိခိုက်ဒဏ်ရာရရှိခြင်း၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ရခြင်းမရှိကြောင်းလည်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျုံဒိုးမြို့သို့ စစ်ကြောင်းထိုးနေသည့်အတွက် အနီးတစ်ဝိုက်ကျေးရွာများရှိ ဒေသခံပြည်သူများအနေနှင့် ဂရုတစိုက်သွားလာ၍ လက်နက်ကြီး၊ လေယာဉ်များ၏ အသံနားစွင့်နေထိုင်ကြရန်လည်း MLA က တိုက်တွန်းထားသည်။

ဓာတ်ပုံ - PLA
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.