Preview

မြိတ်တွင်အတင်းအဓမ္မစုဆောင်းခြင်းခံရသည့်ဒု-တပ်ကြပ်တစ်ဦးနှင့်တပ်ကြပ်ကြီးအကူတစ်ဦးတို့လက်နက်များနှင့်ဘက်ပြောင်းခိုလှုံ

လူထက်နိုင် | ဇွန် ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :448
ပြည်တွင်း သတင်း

နိရဥ္ဇရာ၊ဇွန်၂၁ /၂၀၂၅

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အတင်းအဓမ္မစုဆောင်းခြင်းခံရသည့် ဒု-တပ်ကြပ်တစ်ဦးနှင့်တပ်ကြပ်ကြီး(အကူ)တစ်ဦးတို့သည် လက်နက်များနှင့်အတူ  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)  မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းသို့ ဘက်ပြောင်း ခိုလှုံလာကြသည်ဟုသတင်းရရှိသည်။

၎င်းတို့သည်မြိတ်မြို့နယ်ဘုတ်ခြံအခြေစိုက်ခလရ (၁၇) မှဖြစ်ပြီးဇွန်၂၁ရက်နေ့တွင်MA-1 မောင်းပြန်ရိုင်ဖယ် (၁) လက်၊MA-2 စက်ကလေး (၁) လက်၊လက်ပစ်ဗုံး (၂) လုံး၊M-14 နင်းမိုင်း (၁) ခု၊ကျည်ဘောက် (၁၅)ခု၊ကပစထုတ်၅.၅၆ကျည် (၇၉ဝ) တောင့်ယူဆောင်ပြီးဘက်ပြောင်းခိုလှုံ လာခြင်းဖြစ်ကြောင်းမြိတ်ခရိုင်အမှတ်(၁)တပ်ရင်းကထုတ်ပြန်ထားသည်။

၎င်းတို့၂ဦးသည်ပြည်သူ့စစ်မှုထမ်းအခြေခံစစ်သင်တန်းအပတ်စဉ် (၂) အဖြစ်အတင်းအဓမ္မစုဆောင်းခြင်းခံခဲ့ရပြီးခလရ (၁၇) ၌တာဝန်ချထားခြင်းခံခဲ့ရသူများဖြစ်ကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင်ဘက်ပြောင်းခိုလှုံလာသူ (၂) ဦးအားကောင်းမွန်လုံခြုံစွာစောင့်ရှောက်ထားရှိပြီးလိုအပ်သည်များကိုဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊  မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေဖြင့်စစ်အောက်စီလက်အောက်မှရုန်းထွက်လာမည့်မည်သူကိုမဆိုအမြဲလက်ကမ်းကြိုဆိုလျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းပြင်စစ်ကောင်စီတပ်အတွင်းသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိတာဝန်ထမ်းဆောင်နေရသူများအနေဖြင့်သတ္တိမွေး၍ရုန်းထွက်ခဲ့ကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှတိုက်တွန်းထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.