နိရဉ္စရာ၊ ဇွန် ၂၂/၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်မှ အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးသည် နယ်စပ်တွင် မြေမြှုပ်မိုင်း နင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရသွားသည့် လူငယ်မှာ အာရာဖာတူအစ္စလာမ်(ခေါ်) ဘာဒဲလ် (၁၇)နှစ် (ဘ) Khuilla Mia ၏ သားဖြစ်သည်။
၎င်းသည် အိုးကီးယားမြို့နယ်မှ ဖြစ်ပြီး ဇွန်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့် ဝန်းကျင်တွင် နတ်ကျောက်ဆရီမြို့နယ် Jamchhari ဧရိယာရှိ Sapmara Jhiri နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းလူငယ်သည် ရခိုင်ပြည်ဘက်မှတင်သွင်းသည့် မှောင်ခိုကုန်ပစ္စည်းများ ယူဆောင်ရန်သွားရောက်စဉ် ဘင်္ဂလာ- ရခိုင် နယ်စပ် ဇီရိုမျဉ်းအတွင်း မြှုပ်နှံထားသည့်မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲသံကိုအကျယ်ကြီး ကြားရကြောင်း၊ ထိုနောက်သွားရောက်ကြည့်ရှုရာ ၎င်းလူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ဖြင့်လဲကျနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
မိုင်းပေါက်ကွဲပြီး လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းကိစ္စနှင့်ပတ်သက်ပြီး နတ်ကျောက်ဆရီမြို့နယ် အုပ်ချုပ်ရေး အရာရှိ Muhammad Mazharul Islam Chowdhury နှင့်နတ်ကျောက်ဆရှ ရဲစခန်း တာဝန်ခံ Md.Masrurul Haque က သူတို့ကြားသိရကြောင်းအတည်ပြု ပြောကြားထားသည်။
ဒဏ်ရာရသူ ဘာဒဲလ်အားလက်ရှိတွက် ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။