Preview

မုံရွာ နမခ ရှော့တိုက်ရော့ကတ် (၁၀)လုံးတိုက်ခိုက်ခံရ၍ အရာရှိ၊ စစ်သည်၊ ဇနီးများအပါအဝင် ၂၂ ဦးသေဆုံး

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၃၀/ ၂၀၂၅ | ကြည့်ရှုသူ :837
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇွန် ၃၀/၂၀၂၅

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကိုဇွန်လ ၂၇ ရက်နေ့က ရှော့တိုက်ရော့ကတ် (၁၀)လုံးဖြင့်တိုက်ခိုက်ခဲ့ရာအရာရှိ၊ စစ်သည်၊ ဇနီးသည်များနှင့် ကလေးငယ်များ အပါအဝင် ၂၂ ဦးသေဆုံးခဲ့ကြောင်း " Chindwin Rocket Brothers -CRB” က သတင်းထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုအတွင်း စစ်တိုင်းရုံးမှ အရာရှိ (၂)ဦး၊ အရာရှိဇနီး(၄)ဦးနှင့် စစ်သည် (၁၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာအများအပြား ဒဏ်ရာရရှိသွားခဲ့သည်ဟုသိရသည်။

အပြင်းအထန်ဒဏ်ရာရရှိသွားသူများမှာ အရာရှိ (၄)ဦး၊စစ်သည် (၁၅)ဦးနှင့် ဗိုလ်မှူးတစ်ဦး၏ကလေး(၂)ဦးဖြစ်ကြပြီး၎င်းတို့အား ညနေ ၆နာရီ အချိန်တွင် တဆ(ခွဲ) ၄/၃၀၀ တပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ဇွန်လ ၂၈ ရက်နေ့တွင် တဆ ၄/၃၀၀ အထူးကြပ်မတ်ဆောင်မှ အရာရှိ(၁)ဦး၊ဗိုလ်မှူး၏ကလေး (၁)ဦးနှင့်စစ်သည်(၂)ဦး ထပ်မံသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

သို့အတွက် သေဆုံးသူ ၂၂ ဦးအထိ ရှိပြီး ၎င်းသေဆုံးသူများအားလုံးကို  ဇွန်လ ၂၉ ရက်နေ့တွင် နမခ  စစ်သခ်ျိုင်းနှင့် အလုံမြို့ သခ်ျိုင်းတွင် သရဏဂုံတင်ကာ နာရေးများကိုပြုလုပ်ခဲ့သည်ဟုဆိုသည်။

၎င်းပြင်တိုက်ခိုက်မှုအတွင်း ဆီဂိုဒေါင်ပေါက်ကွဲ တန့် ၂ လုံး အပါအဝင်စခန်းရုံးနှင့် ရိက္ခာဂိုဒေါင်တွဲ၊ (RB=12/14) လိုင်းခန်းနှင့် အရာရှိရိပ်သာတွင် ရပ်ထားသော အိမ်စီးကား ၂ စီး မီးလောင်ပျက်စီးသွားခဲ့သည်ဆက်လက်ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)မှ ဦးဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်သော ချိုမိုင်မိုင်(ကနီ)၊Anonymous Heroes၊Chindwin Brothers တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.